3

179 10 0
                                    

မြတ်တို့ထမင်းကျောင်းတက်ပီး ဆရာမတွေလည်းတစ်ချိန်ပီးတစ်ချိန် မမောနိုင်သင်ကြရတယ် ကျောင်းသားတွေလည်း ထမင်းဆိပ်သင့်ပီး ၅ချိန်လောက်ကတည်းက ငိုင်မည်းပီးသင်ခဲ့ရတယ် အဲ့ထဲမှာမြတ်လည်းအပါအ၀င်ပေါ့
ဘေးက ကိုယ်တော်ချောကတော့ စာအုပ်လေးထောင်ပီးအိပ်ငိုက်နေလေရဲ့

"ဟဲ့ ငိုက်မနေနဲ့အုံး ဆရာမကကြည့်နေတာနော်"

"ဟာ ဘာလည်း အိပ်လို့ကောင်းနေတာကို"

"အချိန်ကပီးတော့မှာထတော့"

"အေးပါ ထပီ"
"ဟိုရှေ့က ၂ယောက် ဘာတွေပြောနေတာလဲ ရှေ့ကစာသင်နေတာနော်"

"ဟုတ်ကဲ့ ဆရာမ" ၂ယောက်ပြိုင်တူပြောမိတယ်

ခုတော့ မျှော်လင့်နေတဲ့၇ချိန်ရောက်ပီလေ ကျောင်းသားတွေတက်ကြွဆုံးချိန်ပေါ့ ဘာလို့လဲဆိုတော့ဒါပီးရင်အိမ်ပြန်လို့ရပီလေ

"ဟေ့ နင့်ကြောင့်ဆူခံရတာနော် သိပ်မကျေနပ်ဘူး"

"အော် ငါ့ဟာငါအိပ်နေတာနင်လာနှိုးတာမလား"
"ဒါနဲ့ မေးအုံးမယ် နင်နဲ့တီချယ်နဲ့ကသိနေတာလား"

"မြတ်လည်းမေးမယ် အဲ့တာဖြေပီးမှပြန်ဖြေမယ်"

"အော် ဖြေမှာကို မေးလေမေး"

"ပထမ၁ခုက ဆရာမကိုဘာလို့တီချယ်လိုခေါ်တာလဲ နောက်တခုက ဆရာမကနင့်ကိုဘာလို့ပြည့်လို့ခေါ်တာလဲ ဆရာမနဲ့နင်နဲ့ကသိနေတာလား"

"မေးဆိုတော့လည်း တန်းမေးတာပါလား
ဖြေးဖြေးမေး ထွက်မပြေးဘူးသိလား ဘယ်ကတည်းကမေးချင်နေမှန်းမသိ"

သူပြောမှမြတ်လည်းပြန်စဥ်းစားမိတယ် ဘယ်ကတည်းကမေးချင်နေတာလည်းလို့ မေးတာများလို့အားတော့နာမိတယ်

"ဖြေမှာသာဖြေဟာ" အရှက်ပြေပြန်ဟောက်လိုက်တယ်

"အော် တရားလိုက်တာ ငါတီချယ်လို့ခေါ်တာမထူးဆန်းဘူးအကုန်လုံးလည်းအဲ့တိုင်းခေါ်တာဘဲ မေးတဲ့နင်ကထူးဆန်းတာ"

"ငါက"မြတ်ကိုယ့်ကိုလက်ညှိုးထိုးပီးပြန်မေးလိုက်တယ်

"ဟုတ်တယ်လေ engဆရာမ မလို့တီချယ်ခေါ်တာမှားလို့လား"

Unexpected Where stories live. Discover now