6

216 11 0
                                    

မြတ်လည်းဒီနေ့တော့ ကျောင်းကိုသွားဖို့စိတ်စောနေမိတယ် ဒါမယ့်အမေကသူလည်းကိစ္စရှိတာနဲ့ လိုက်ပို့ပေးမယ်ပြောတော့စောင့်နေရတာ ကြာနေပီ

"အမေရေ ကျောင်းနောက်ကျတော့မယ် မြန်မြန်လုပ်လို့"မြတ်မှာငိုမဲ့မဲ့ဖြစ်နေပီ

"အေးအေး ငါလည်းလုပ်နေရတာဘဲ ကူဖို့မရှိဘူး ဘေးကနေလိုက်ညည်းနေတာ "

"အဲ့ကြောင့် ကိုယ့်ဘာသာသွားမယ်ဆိုတော့ လိုက်ပို့မယ်တကဲကဲလုပ်နေတာ ကျောင်းတက်တော့မယ်"

"ကဲ ပြောတာကြာတယ် ဆိုင်ကယ်ပေါ်မြန်မြန်တက်"

ဆိုင်ကယ်မှာတရွေ့ရွေ့နဲ့ကျောင်းရှေ့ရောက်ပီ

"ရောက်ပီဆင်းတော့မြန်မြန်"

မြတ်လည်းဆင်းပီးကျောင်းထဲသို့မြန်မြန်၀င်ရတယ် ဒါမယ့်၀င်ပီးပီးချင်းကျောင်းတက်ခေါင်းလောင်းကထိုးသွားတယ်

"ဟင့် သွားပီ"

"ဟိတ်ကလေးတွေ ကျောင်းထဲမ၀င်နဲ့ဦးassembly လုပ်နေပီ ရပ်တော့"ဂိတ်ပေါက်ဆရာမကလှမ်းအော်တယ်

ကျောင်းရှေ့မှာရပ်စောင့်နေရတယ် assembly ရှိတာကိုတကယ်မေ့နေတာ

"သွားပါပီဟာ ဒီနေ့တော့စစချင်းကတည်းက စိတ်ညစ်နေရပီ တီချယ်နဲ့လည်းမတွေ့ရတော့ဘူး"အိတ်ထဲကပန်းလေးကိုဘဲငုံ့ကြည့်နေမိတယ်

မြတ်ဒီနေ့အိမ်မှာပန်းပွင့်နေလို့ ခူးပီးတီချယ့်ကိုသွားပေးမလို့ကို သွားပါပီ....
မနေ့က ကိစ္စကလည်းရှိသေးတယ် ဘာလုပ်ရမလဲမသိတော့ဘူး စိတ်ညစ်ပါတယ် ခုလည်းဘယ်မှာလဲမသိ ကျောင်းကွင်းထဲဘဲငေးကြည့်နေမိတယ်
'ဟော တွေ့ပါပီ မြတ်ရဲ့အမျိုးသမီးလေးကို နောက်တန်းမှာကလေးတွေကိုထိန်းနေတာဘဲ လှလိုက်တာ သူမမှာပန်းမရှိသေးဘူးဘဲ ပန်းပန်ရတာမကြိုက်တဲ့ အမျိုးသမီးလေးကို နေ့တိုင်းပန်းဆက်ပါ့မယ်နော်' မြတ်ပြုံးပီးတွေးနေမိတယ်

နဒီ ဒီနေ့ကလေးစုတ်လေးကိုမတွေ့သေးဘူး ကျောင်းနောက်ကျနေတာထင်တယ် ဒီဟာလေးအကျင့်တွေပျက်နေပီ ကောင်းကောင်းဆူပေးရမယ် ဟိုနေ့ကအကြောင်းကိုမကျေနပ်နိုင်သေးဘူး
"ဟွန့်"

Unexpected Where stories live. Discover now