4

196 11 2
                                    

မြတ်အိမ်ရောက်တာနဲ့ ဒိုင်ယာရီရေးချင်စိတ်ဖြစ်တာနဲ့ရေးခဲ့တယ်

'Love at first sight
ဒီစကားကိုမယုံခဲ့ဘူး
အခုတော့ကိုယ်တိုင်ကြုံတွေ့နေရပီ
မဖြစ်နိုင်ဖူးမလား ဆရာမတစ်ယောက်ကိုကြိုက်ဖို့  မဟုတ်ဘူး ချစ်ဖို့ဆိုတာ
ခုမြတ်စိတ်ထဲမှာ
တီချယ့်နွေးအကြောင်းဘဲထိုင်တွေးနေတာ  ခုလိုဖြစ်နေတဲ့ကိုယ့်ကိုလဲသဘောမကျဘူး မြတ်ဘာလုပ်သင့်လဲ
တီချယ်နွေး...'

ကိုယ့်ဘာသာရေးပီး ပြန်ဖတ်မိတော့အံ့သြမိတယ်  ကိုယ့်ကိုလက်မခံနိုင်သေးဘူး  ဒီနေ့မှတွေ့ပီးရင်းနှီးတဲ့တီချယ့်ကို စိတ်ကအဲ့လိုဖြစ်နေတာကို  သူများတွေပြောသလို စိတ်ကစားတဲ့အရွယ်မလို့လားမသိ  ဟုတ်တယ်အဲ့လိုဘဲဖြစ်လိမ့်မယ် မစဥ်းစားချင်တော့တာနဲ့အိပ်ရာပေါ်တန်းအိပ်လိုက်တယ်

ညနေစောင်းရောက်တော့
"ဒီကလေး ကျောင်းကပြန်လာတာနဲ့တန်းအိပ်တာထင်တယ် ညနေစာစားချိန်တောင်ရောက်ပီ

"မြတ် သမီးထတော့"တံခါးခေါက်ပီးအပြင်ကလှန်းအော်လိုက်တယ်

"အင်း ဟုတ်အမေ"

"ရေချိုးတော့ ပီးရင်ထမင်းစားမယ်"

မြတ်လည်းအမေနဲ့အတူ ထမင်းစားကြတယ်လေ  တစ်နေ့လုံးသားမိ၂ယောက်မတွေ့ဖြစ်တောင် ဒီအချိန်လေးတော့ရအောင်လက်စုံစားတယ် မိဘနဲ့အတူစားရတဲ့ထမင်းက အရမ်းကွာတယ်

"ကဲ သမီးဒီနေ့ကျောင်းမှာအဆင်ပြေလား စာရောလိုက်နိုင်လား"

"လိုက်နိုင်ပါတယ် ကျောင်းရောက်တာနဲနဲနောက်ကျတော့ပြန်တော့ကူးနေရတယ်အမေ"

"အင်းပါ ကျူရှင်ရောယူအုံးမလား"

"လပတ်စာမေးပွဲပီးမှဘဲ ယူတော့မယ် အတန်းပြန်ခွဲမှာဆိုတော့လေ Aခန်းရအောင်သွားမှာမြတ်က"

'အင်းပါ သမီးအဆင်ပြေရင်ရပီ"

"အဲ့ဆိုမြတ်အခန်းထဲသွားစာလုပ်တော့မယ်'

Unexpected Where stories live. Discover now