ကားလေးဟာ ကုသိုလ်တော်ဘုရား၀င်းအတွင်းတဖြည်းဖြည်း၀င်လာခဲ့တယ်
"ရောက်ပီရှင့် ဆင်းလို့ရပါပီနော်"
တီချယ်ပြောတာကြားတာနဲ့ ခေါင်းငြိမ့်ပီးကားပေါ်ကနေဆင်းလာခဲ့တယ်
"ကုသိုလ်တော်ဘဲ မရောက်တာတောင်ကြာပီ တီချယ့်ကျေးဇူးနဲ့အခုပြန်ရောက်ခဲ့ပီ ကျေးဇူးပါတီချယ်"
"ဟုတ်ပါပီရှင့် အခုလိုအဖော်လိုက်ပေးတဲ့အတွက်လည်းဒီကလည်းကျေးဇူးပါလို့ ဘုရားရှိခိုးပီးရင် ဆိတ်သားကင်နဲ့စမူဆာသုပ်ကျွေးမယ်သိလား"
"၀ိုး မုန့်စားရတော့မှာဘဲ "
"အင်း အခုဘုရားထဲ၀င်ကြရအောင်"
"ဟုတ်ကဲ့" တီချယ်ရဲ့ဘေးနားကနေလိုက်လာခဲ့တယ်
အပေါက်ရှေ့ရောက်တော့ တီချယ့်ရှေ့သွားပီး ထိုင်ချလိုက်တော့
"ဟင်"
"တီချယ်ပေး ဖိနပ်ချွတ်လိုက် အပ်တဲ့နေရာမှာသွားထားပေးမယ်""အာရပါတယ် တီချယ့်ဘာသာချွတ်လိုက်ပါ့မယ် "
"ရတယ် ချွတ်လိုက်ပါ"
ဖိနပ်လေးကိုရှေ့ကထိန်းပေးထားပီး တီချယ့်ခြေဖ၀ါးဖြူဖြူလေးလှုပ်ရှားနေမှုကိုကြည့်နေမိတယ်။ အခြားသူကြားရင်ပိုတယ်လို့ထင်မလားမသိ မြတ်လေ တီချယ့်ရဲ့ခြေဖ၀ါးလေးကအစမြတ်နိုးနေတယ်၊ ခေါင်းအစခြေအဆုံးတကယ်ပြောရက်စရာမရှိအောင်လှပတဲ့အမျိုးသမီးလေးဘဲ မြတ်ရဲ့တီချယ်ကလေပီးတာနဲ့ဘုရားထဲအတူ၀င်သွားကြတယ်။ဒီချိန်ကဘုရားဖူးရာသီမဟုတ်တော့လူသိပ်မစည်ဘူး၊စောင်းတန်းတစ်လျှောက်မှာလည်းကင်မရာမန်းများကိုတွေ့ရတယ်
"တီချယ်. တီချယ်"
"ပြောပါရှင့် နားထောင်နေပါတယ်"
"ဘုရားဖူးပီးရင်လေ တီချယ်နဲ့အတူဓါတ်ပုံတူတူရိုက်လို့ရမလား နော်လို့ နော်..."
တီချယ်လက်မောင်းကိုင်ပီးချွဲနေမိတယ် မျက်နှာကလည်းပုံမျိုးစုံလုပ်ပြလျက်
"တီချယ်လို့ နော်"
"ဟော ကျွန်မကမရိုက်ဘူးလို့ရှင့်ကိုငြင်းနေလို့လား ဒီကရှင်လေးသဘောအတိုင်းဘဲ"
"ရပီလား ရုပ်မျိုးစုံလုပ်ပြနေလိုက်တာ အမြင်ကပ်ချင်စရာကောင်းလိုက်တာ တကယ်ဘဲ"

YOU ARE READING
Unexpected
Romanceစချစ်ခဲ့ရတဲ့သူနဲ့ ဖြည်းဖြည်းချင်းသဘောကျလာတဲ့သူ ဘာကွာခြားလဲ...?? အချစ်ဦးဆိုတာလူတိုင်းရှိပေမယ့် နောက်ဆုံးအချစ်ဆိုတာကိုရောရှိကြလား ....