နဒီက ဒီနေ့duty ကျတယ်လေ ဂိတ်ပေါက်စောင့်ရတာပေါ့ စောင့်ရင်းကျောင်းရှေ့မှာအူကြောင်ကြောင်ရပ်နေတဲ့ကျောင်းသူတွေ့လို့ သွားမေးတာလေ ခုတော့ကိုယ့်ကို ငေးကြည့်နေလိုက်တာ လူကိုမတွေ့ဖူးသလို
ဒါမယ့် နဒီ့ကိုကြည့်နေတဲ့ သူ့ရဲ့စူးရှတဲ့မျက်လုံးလေးတွေကို သဘောကျမိသားခုတောင်ရှက်သလို ခံစားနေမိတယ်"သမီးအဲ့ဆို သွားကြတာပေါ့"
"ရှင်"
"အော် ရှင်က စက်ဘီးနဲ့စာသင်ခန်းထဲသွားမလို့လား အူကြောင်ကြောင်နဲ့"
"လာခဲ့ စက်ဘီးစတန်းမှာသွားထားရအောင်"မြတ်ခမျာ နဒီဦးဆောင်ရာနောက်လိုက်ခဲ့ရတယ်
'ဒါနဲ့ သမီးက ဘယ်နှတန်းလဲ ပြောပါဦး"
နဒီလမ်းလျှောက်ရင်းမေးမိတယ်"ဟုတ်ကဲ့ မြတ်က ၈တန်းတက်မှာပါ inter school ကနေ ခုမှပြောင်းလာတာပါ"
"အော် ၈တန်းဆိုတော့ဘယ်အခန်းကလဲ ဆရာမက အထက်တန်းပြလေ ဒီနှစ် ၈တန်း Aခန်း အတန်းပိုင်လေ"
"အော် ..မြတ်က အသစ်ဆိုတော့ Bခန်းမှာကျတာလေ ဆရာမနဲ့ မသင်ရတော့ဘူးပေါ့..."မြတ်၀မ်းနည်းစွာပြောမိတယ် ဒါမယ့်ဘာအကြောင်းကြောင့်၀မ်းနည်းလဲဆိုတာမြတ်ကိုယ်တိုင်လည်းမသိဘူး
"သမီးကလည်း အတန်းပိုင်မဟုတ်ပေမယ့် အခန်းတိုင်းကိုစာလာပြမှာပါ ပြီးတော့ ဒီနှစ်က ပထမဆုံးစာမေးပွဲမှာ အမှတ်ကြည့်ပီး ပြန်ခွဲပေးမယ်လို့ပြောသံကြားတယ် အားမလျှော့နဲ့ပေါ့သမီး" နဒီပြုံးပီးပြောမိတယ်
"ကဲ ကျွန်မတို့နှစ်ယောက်ပြောရင်း အဆောင်ရှေ့တောင်ရောက်ပီ "
"ဒီအတိုင်း တက်သွားလိုက်သိလား ဆရာမ မနက်ကလောလောနဲ့လက်မှတ်မထိုးရသေးလို့ သွားလိုက်ဦးမယ်"မြတ် ဆရာမကိုဆွဲထားမိတယ်
"ဒီရှေ့မှာစောင့်နေမယ်လေ ပီးမှတူတူသွားလို့မရဘူးလား.." မြတ်တောင် ကိုယ့်ကိုနားမလည်အောင် ပြောမိသွားတယ်"အော် ရပါတယ်ရှင့် ခဏတော့စောင့်ပေါ့"
မြတ် စောင့်ရင်းကိုယ့်အကြာင်းကိုတွေးနေမိတယ် ဒီမနက်အတွင်းဖြစ်သမျှ ကိုယ့်ကိုနဲ့ မတူသလိုခံစားရတယ် အံ့သြနေတာဆို အမှန်ဘဲ
YOU ARE READING
Unexpected
Romanceစချစ်ခဲ့ရတဲ့သူနဲ့ ဖြည်းဖြည်းချင်းသဘောကျလာတဲ့သူ ဘာကွာခြားလဲ...?? အချစ်ဦးဆိုတာလူတိုင်းရှိပေမယ့် နောက်ဆုံးအချစ်ဆိုတာကိုရောရှိကြလား ....