ဒီနေ့က ကျောင်းပိတ်တဲ့နေ့ဘဲ စာမသင်ရလို့ပျော်တော့ပျော်ပေမယ့် တီချယ်နဲ့၂ရက်လောက်မတွေ့ရတော့ဘူး တွေးရင်းလွမ်းလာပီ ..
မြတ်လည်းစာမလုပ်ချင်သေးတာနဲ့ တီချယ့်အကြောင်းတွေးနေမိတယ်
ဘာနေနေလေ တကယ်ကိုသဘောကျမိနေတာထင်တယ် သဘောကျပိုင်ခွင့်တော့ရှိတယ်မလား မမြင်ရရင်မနေနိုင်တာ ၊အသံမကြားရရင်လွမ်းနေတာ ၊သူမဘာလုပ်လုပ်ငေးနေမိတာ ၊လှုပ်ရှားမှုတိုင်းကိုသဘောကျနေမိတာ၊ဒါတွေကိုအချစ်လို့ခေါ်လား သေချာတာ၁ခုကတော့မြတ်တီချယ့်ကိုချစ်မိနေပီထင်တယ် မြတ်ရဲ့အချစ်ဦးလေးပေါ့
"ဟူး...ချယ်နွေးရေ ချယ်ကိုယ်တိုင်ဆင်းကယ်မှဖြစ်တော့မယ့်တပည့်လေးပါ မဆင်းကယ်ရင်တော့မြတ်ဘ၀ကမတွေးစရာကိုရူးတော့မယ့်အခြေနေပါ အချစ်ရူးသမားလေးပေါ့"ကိုယ့်ဘာသာတွေးပီးပြုံးနေမိတယ်
မြတ်တစ်ခုစဥ်းစားမိတာရှိတယ်ရော ဖုန်းကောက်ကိုင်လိုက်တယ် ပီးတော့ပြည့်ကိုဖုန်းဆက်လိုက်တယ်
--တီတီ--
"ဟယ်လို"ပြည့်အသံကြားတာနဲ့"ပြည့် ငါပါမြတ် နင့်ကိုမေးစရာရှိလို့ တီချယ့်အကောင့်လေးဘာလေးများသိလားလို့"
"အကောင့်လား သိတယ်လေ သူ့နာမည်နဲ့ဘဲဖွင့်တာ ဘာလုပ်မလို့လဲ သွားအပ်တော့မယ်ပေါ့ ဟဲဟဲ"
"ဟုတ်တယ် ဘာဖြစ်လဲ"
"ဘာမှတော့မဖြစ်ပေမယ့် နင်တီလေးကိုတွေ့ချင်တယ်မလား "
"အင်း..တွေ့ချင်တယ်ခုဘဲတွေ့ရရ"
"အဲ့ဆိုရပီ ဒီလိုလုပ်ဟာ အခုငါ့အိမ်ကိုလာခဲ့လိုက် ခုချက်ချင်းနော်"
"ခုလား ငါမှမသိတာနင့်အိမ်ကို"
"ချီး. ..နင်ငါ့အိမ်မသိတောင် ငါ့တီလေးအိမ်ကိုတော့စုံစမ်းသင့်တယ်နော် အမိ"
"Sorry har ငါမေ့သွားတယ်"
"အဲ့ဆိုငါပြောတဲ့အတိုင်းတာလာခဲ့ ကြားလား ဖုန်းချပီ"
သူဖုန်းချတာနဲ့ချက်ချင်းပြင်ရတော့တယ် အဲ့အမိဘာကြံလည်းမသိပေမယ့် ကိုယ်တွေ့ချင်တာတွေ့ရတော့မှာဘဲ ဖုန်းကြည့်တော့ message ပို့ထားတာနဲ့၀င်ကြည့်လိုက်တယ် လိပ်စာကသိပ်မ၀ေးဘူးဘဲ
YOU ARE READING
Unexpected
Romanceစချစ်ခဲ့ရတဲ့သူနဲ့ ဖြည်းဖြည်းချင်းသဘောကျလာတဲ့သူ ဘာကွာခြားလဲ...?? အချစ်ဦးဆိုတာလူတိုင်းရှိပေမယ့် နောက်ဆုံးအချစ်ဆိုတာကိုရောရှိကြလား ....