Divortium

2.2K 169 15
                                    

"ဟာအိုဟျောင်းက ဟန်ဘင်းဟျောင်းနဲ့ ကွာရှင်း​တော့မှာဆို။"

"​​အေး"

လိ​မ္မော်သီးတစ်လုံးကို အခွံခွာရင်း ပြန်​ဖြေလာ​တဲ့ ဟာအို​ဟျောင်းရဲ့ပုံစံက ​အေး​အေး​ဆေး​ဆေး။

"ဘာလို့လဲ၊ ပေးစားလို့ယူထားတယ်ဆို​ပေမယ့် နှစ်​​ယောက်က တဖြည်းဖြည်း သံ​ယောဇဥ်ရှိလာကြပြီ မဟုတ်ဘူးလား။"

"​လက်ထပ်လိုက်တာနဲ့ သံ​ယောဇဥ်ရှိလာမယ်လို့ ယူဆပစ်လို့ မရဘူး​လေ ထယ်ရယ်ရ ... အချစ်က လုပ်ယူလို့မှ မရတာ၊ သံ​ယောဇဥ်ဆိုတာကလည်း အချစ်ဆိုတာ​လေး နည်းနည်းပါးပါးအခံရှိမှဖြစ်တာ၊ ဘာမှမရှိရင် ဘာမှဖြစ်မလာဘူး​လေ။"

"ဘယ်လိုကြီးလဲ၊ တစ်ခုခု လွဲ​နေသလိုပဲ။ ဘာက ဘာကို အခံရှိတာ ..."

"ထားပါ ... ဒါ​တွေကို မင်းလို လူပျိုနုနုထွတ်ထွတ်လေးက ဒါမျိုး​တွေ ဘယ်လိုလုပ်ပြီး နားလည်ဦးမှာလဲ။ ​နောက်မှ နားလည်လာလိမ့်မယ်။ အခု​တော့ ​ဟျောင်းကို လိ​မ္မော်သီးကူ​ခွာဦး။ ဒီမှာ .. လက်အိတ်"

"​အော .. ခုနကတည်းက ကြည့်​နေတာ။ ​လိ​မ္မော်သီး​တွေ အများကြီးပဲ ဟျောင်း၊ ဘာလုပ်မလို့လဲ။"

"​​​​ဆောင်းဟန်ဘင်း​လေ။ လိ​မ္မော်ရည်​သောက်ချင်တယ်ဆိုလို့ အခု​ဖျော်ပြီး သူ့ရုံးကိုသွားပို့​ပေးရမှာ၊ အလုပ်ကိုရှုပ်တယ်။"

"ဟမ်!"

"​သြော် .. အခွံခွာ​ပြီးရင် အ​စေ့​တွေပါဖယ်​ပေး​နော် ထယ်ရယ်​လေး။ လိ​မ္မော်စေ့​တွေပါသွားရင် ခါးမှာစိုးလို့။"

___ ♡ ´・ᴗ・ '♡ ___

"အခုချက်ချင်း ကွာရှင်းမယ် ​ဆောင်းဟန်ဘင်း။ ငါ မင်းနဲ့ လုံးဝဆက်မ​ပေါင်းနိုင်​တော့ဘူး!"

"ဟား ... ငါက​​​​ရော မင်းလို ပြဿနာအိုးနဲ့ တအား​ပေါင်းချင်​တယ်များ ထင်​နေလား။"

"ငါ ပြဿနာရှာတာ မင်း ​စောက်ချိုးမ​ပြေလို့​လေ။"

"ငါ့အလုပ်က မိတ်​ဆွေ​တွေကို ငါကူညီတာ ဘာမှားလို့လဲ၊ လူဆိုတာ အ​​ပေါင်းအသင်းနဲ့​နေရတာကွ! ကျန်းဟာအို မင်းမှာလည်း မင်း လုပ်​ဖော်ကိုင်ဖက်​တွေနဲ့ မင်းရှိတာပဲ။"

CottonCandy Twisted VinesWhere stories live. Discover now