Annus Novus

1.4K 176 35
                                    

"အားလုံးအသင့်ဖြစ်ရင် သွားကြမယ်​လေ"

"အို​ခေ သွားကြစို့"

"​နေပါဦး"

နှစ်သစ်ကူးကာလအတွင်း ဂျယ်ဂျူကျွန်းသို့ အပန်း​ဖြေခရီးထွက်ကြမည်ဖြစ်၍ မူလက ဟာအိုတို့မိသားစုသုံး​ယောက်၊ မက်သရူး၊ ထယ်ရယ်နှင့် တရုတ်မှအလည်လိုက်လာသည့် ထယ်ရယ့်​ကောင်​လေးသာ အတူသွားကြမည်ဟု စီစဥ်ထား​သော်လည်း သွားခါနီးနှစ်ရက်အလိုကျမှ ​ဘေးအိမ်က တူဝရီးသုံး​​ယောက်ကလည်း လိုက်ချင်သည်ဟု ဆိုလာသဖြင့် စုစု​ပေါင်း ကိုး​ယောက်ဖြစ်သွားသည်။

ထိုတူဝရီးသုံး​ယောက် လိုက်လာမည့်ကိစ္စနှင့်ပတ်သတ်၍ ​ပထမ၌ ဆောင်းဟန်ဘင်းက သ​ဘောမတူ​သော်လည်း ဟာအိုတစ်​ယောက် တစ်ညလုံး ​ချော့တလှည့်​ခြောက်တလှည့်နှင့် ကြိုးစားပြီး ​နောက်ဆုံးကျမှ သ​ဘောတူညီမှုရရှိလာ၍ ယခုကားထွက်မည့်အချိန်အထိလည်း အင်တင်တင်လုပ်​နေဆဲ။

ပြဿနာက လူကိုး​ယောက်အတွက် ကားနှစ်စီးစီစဥ်ထား၍ ဟန်ဘင်း၏ကား​ပေါ်တွင် သူတို့မိသားစုသုံး​ယောက်နှင့် ငါးနှစ်သားညီအစ်ကိုနှစ်​ယောက် လိုက်ကြမည်ဖြစ်၍ ထယ်ရယ်တို့စုံတွဲနှင့်မက်သရူးက ဂျီအွန်း၏ကား​နှင့်သွားရန် ဖြစ်လာသည်။ ထိုလူခွဲသည့်အဆုံးအဖြတ်က အားလုံးအတွက် အဆင်​ပြေ၍ ​ကျေ​ကျေနပ်နပ် သ​ဘောတူ​ကြသော်လည်း ဟန်ဘင်းအတွက်​တော့ အဆင်မ​ပြေ။ ဘာရယ်​ကြောင့်မှန်းမသိ၊ သူ့ညီ လူပျိုနုနုထွတ်ထွတ်​အား ဂင်မ်မျိုးရိုး လူပျိုကြီးနှင့်အတူ ကားတစ်စီးတည်း မသွားခိုင်းချင်၊ တစ်ခုခုကို ​နောက်ဆံတင်း​နေသည်။

"မက်သရူးက ​ဟျောင်းတို့ကားနဲ့ပဲ လိုက်ခဲ့​လေ။ လူဆန့်ပါတယ်"

"​ဟန်ဘင်းဟျောင်းကလည်း ကျွန်​တော်က ထယ်ရယ်နဲ့ပဲ ​နေချင်လို့ပါဆို"

"အင်း​လေ မက်သရူးနဲ့က ကျွန်​​​တော် ဒီကိုပြန်လာတုန်း​လေး ​ခဏတွေ့ရတာကို ဟျောင်းကလည်း ... "

​​ရည်းစားနှင့်လည်း ခွဲမသွားနိုင်၊ သူငယ်ချင်းနဲ့လည်း ခွဲမသွားနိုင်ဖြစ်​နေသည့် ထယ်ရယ်ကပါ ဝင်​ပြောလာသဖြင့် ဟန်ဘင်း စိတ်​လျှော့လိုက်သည်။ ကြည့်မရ​သော်လည်း ဂင်မ်ဂျီအွန်းက တည်တည်တံ့တံ့ ​နေတတ်​သော လူမျိုးဖြစ်၍ မက်သရူးကလည်း ရည်းစားရှိပြီးသားဖြစ်ရာ သူ အစိုးရိမ်လွန်​နေခြင်းသာဖြစ်ရမည်ဟု တွေးလိုက်​၍ နှစ်သစ်ကူးရက်၌ တွဲခါစ ပူပူ​နွေး​နွေး ရည်းစား​လေးနှင့်အတူရှိမ​နေဘဲ အလုပ်ခရီးထွက်သွားသည့် မက်သရူး၏ရည်းစားဆိုသူကိုပင် မဆီမဆိုင် လှမ်းအပြစ်တင်မိ​သေးသည်။

CottonCandy Twisted VinesWhere stories live. Discover now