Laetitia

1.2K 157 63
                                    

ယူဂျင်းနီး၏မူကြို​ကျောင်းဆင်းပွဲ​နေ့ဖြစ်သည်။

"မျက်လုံးမှိတ်ထားဦး​​လေ က​လေး​လေးရယ် .. လက်နဲ့မပွတ်ပစ်ရဘူး"

"​​အေးတယ်"

"ခဏပဲ​ ... ​ရေခဲအိတ်ကပ်မှ မျက်လုံးယောင်တာသက်သာမှာ​​​လေ .. ဒါ​ကြောင့် အစကတည်းက ငိုရတဲ့ဒရာမာ​တွေမကြည့်ပါနဲ့ဆိုတာကိုကွာ"

"ငိုရမှန်းမသိလို့​ပေါ့! RoCom ဆိုလို့ကြည့်တာကို .."

"​ဒါဆိုလည်း နောက်ကျ သူများကို​မေးပြီးမှကြည့်"

"ဟင့်အင်း ဒရာမာကြည့်​ပြီး စိတ်ညစ်ခံမယ့်အစား ကိုယ့်​ယောက်ျားကိုယ်ပဲကြည့်​​တော့မယ် .. အိမ်မှာ ချာအွန်နူးနဲ့တူတဲ့​ယောက်ျားတစ်​ယောက်လုံးရှိတာကို"

"အာအီဂူး .. ​ဘာ​လေးလဲကွာ ချစ်လို့​သေ​တော့မှာပဲ။ ​ပြောပါဦး .. ဒါ ဘယ်သူ့အသည်းလေးလဲ"

"​​ဟန်ဘင်းရဲ့အသည်းလေး​ ဟိဟိ"

ဧည့်ခန်းထဲမှ ​မိုးမမြင်​လေမမြင်တစ်တီတူးသံများက ထမင်းစားခန်းထဲအထိ အတိုင်းသား။ ယူဂျင်းနီးသူငယ်ချင်းများကို လက်​ဆောင်​ပေးရန်အတွက် ထန်ဟူလူလုပ်​နေသည့်​ ​​လေးယောက်မှာ လက်မအားသဖြင့် နားပိတ်ထားလို့လည်းမရ။

"စိတ်ဆင်းရဲလိုက်တာကွာ"

"ရခါစတုန်းက အီစီကလီမလုပ်ခဲ့ရသမျှ အခုမှအတိုးချလုပ်​နေသလား ​​အောက်​​မေ့ရတယ်"

"​သည်းမခံနိုင်​တော့ဘူး! ယူဂျင်းနီးကို သွားနှိုး​တော့မယ်"

ထယ်ရယ်က လက်ထဲရှိ စ​တော််ဘယ်ရီသီးဇလုံကို စားပွဲ​ပေါ် ဆောင့်ချပြီး မတ်တပ်ထရပ်သည်။ မက်သရူးကလည်း ထယ်ရယ့်​နောက်ကလိုက်သွား၍ ဂျီအွန်းနှင့်ချွမ်​ရွေ့နှစ်​ယောက်တည်း ထန်ဟူလူလုပ်လက်စများ​နှင့်ကျန်​နေခဲ့ရာ ဂျီအွန်းလည်း ဟိုဘက်အိမ်ရှိ ညီအစ်ကိုနှစ်​ယောက်ကို ဖုန်းဆက်နှိုးရသည်။

"နှုတ်ခမ်းအဆီ​လေးနည်းနည်းထပ်ထည့်လိုက်"

"များသွားမှာ​ပေါ့ကွ"

"​မများဘူးဟ .. မင့်တူက မုန့်ကို ငါးမိနစ်တစ်ခါနှုန်း စား​နေတာ။ ခဏ​လေးနဲ့ပျက်သွားမှာ"

CottonCandy Twisted VinesWhere stories live. Discover now