Mutatio

1K 163 27
                                    

"ဘယ်လိုဖြစ်ရတာလဲ .. မင်း ငါသင်​ပေးလိုက်တဲ့အတိုင်း ​အတိအကျလိုက်မလုပ်ဘူးလား"

"လုပ်တယ်​လေ ​ရှေ့ရက်က ပါးသင်​ပေးလိုက်တဲ့အတိုင်းပဲ မျက်နှာထားတင်းတင်းနဲ့ ကွာရှင်းရ​အောင်လို့​ပြောပြီး စာချုပ်​ပေးလိုက်တာ"

ချ​ပေးထားသည့်အရက်ခွက်ကိုကောက်​မော့ရင်း​​ ပြောလာသည့်သမက်ဖြစ်သူ၏စကားကို နား​ထောင်ပြီး ကျန်းပါပါး ​ခေါင်းကုတ်သည်။

"မဟုတ်​သေးပါဘူးကွာ .. မင်း တစ်ခုခုလွဲ​နေလို့ ​နေမယ်။ ပုံမှန်အတိုင်းဆို ငါတို့ဘက်က အဲဒီလို​နည်းနည်း​​တင်းလိုက်တာနဲ့ ​သူတို့က နောက်မလုပ်​တော့ပါဘူးလို့တောင်းပန်ပြီး ချက်ချင်းလိမ္မာသွားမှာ .. ပြီး​တော့ ငါ့သားလို မျက်ရည်လွယ်တဲ့သူသာဆိုရင် အဲဒီစကားကြားပြီး ငို​တောင်သွားဦးမှာမို့လို့ မင်းကို ​သေချာပြန်​ချော့ဖို့​​တောင် ငါမှာလိုက်​သေးတယ်​လေ"

"ဒါ​ပေမယ့် သူက မငိုတဲ့အပြင် ကျွန်​တော့်ကို​တောင် ကွာရှင်းစရိတ်ကို တစ်ဝက်ငွေသား​ပေးပြီး တစ်ဝက် ဘဏ်​အ​ကောင့်ထဲထည့်​ပေးလို့ပါ ​ပြောသွား​သေးတာ​လေ"

"မဟုတ်​သေးပါဘူး မင်းတို့ဟာက"

"ဟုတ်ပါတယ် .. ဟုတ်လို့​တောင် စာချုပ်​ပေါ်မှာ လက်မှတ်ထိုးပြီးပြီကို .. ပြီး​တော့ ညကလည်း သူ ကျွန်​တော့်ကို အခန်းထဲအဝင်မခံလို့ ဆိုဖာ​ပေါ်မှာအိပ်ရ ... "

"မနက်​စော​စောစီးစီး ဘာ​တွေ​ပေးပြီး ဘာ​တွေလက်မှတ်ထိုးနေကြတာလဲ"

အ​နောက်မှ ရုတ်တရက်ထွက်လာသည့် ကျန်းမာမား၏အသံ​ကြောင့် ဟန်ဘင်းစကားဆုံး​အောင်မ​ပြောလိုက်ရဘဲ ကျန်းပါပါးကမူ ​သောက်လက်စခွက်ကို စားပွဲ​အောက် မသိမသာထိုးထည့်သည်။

"ဟို ... ဘာမှမဟုတ်ပါဘူးကွာ။ မင်း ဘာလို့ ဒီ​နေ့ ​​လေ့ကျင့်ခန်းလုပ်တာ အ​စောကြီးပြီး​နေတာလဲ"

"အ​စောကြီးပြီး​နေတာ မဟုတ်ဘူးရှင့်။ လုပ်ကိုမလုပ်ရ​သေးတာ .. ဒါနဲ့ ခုန​​​မေးတာ ​ဖြေကြဦး။ ဘာ​တွေဖြစ်​နေကြတာလဲ .. ဟန်ဘင်းနီးက ဒီ​လောက်မနက်အ​စောကြီး အိမ်​ရောက်​နေတာဆို​တော့ ​ဟောင့်​ဟောင့်နဲ့များ တစ်ခုခုဖြစ်လာတာလား"

CottonCandy Twisted VinesWhere stories live. Discover now