Aemulus

1.2K 173 8
                                    

"​ဆောင်းဟန်ဘင်း ဘာဖြစ်​နေတာလဲ! ငြိမ်ငြိမ်မထိုင်နိုင်ဘူးလား"

"ဟိုမှာ မင့်သားက ဟို​ကောင်​လေးပါးကို နမ်း​နေတယ်ကွ"

ဟာအို လှမ်းကြည့်လိုက်​တော့ မြက်ခင်း​နုနု​လေးပေါ်၌ ​ထိုင်ဆော့​နေသည့် ချန်ချန်​က ဂယူဘင်းနီးအား ပိုပို​ပေး​နေ၍ ဂယူဘင်းနီး​ကလည်း ချန်ချန့်မျက်နှာ​​ဖောင်း​ဖောင်း​လေးကို လက်နှစ်ဖက်နှင့်အုပ်ကိုင်ထားကာ ပြန်စ​နေ၏။

"အာအီဂူး လိမ္မာလိုက်တာ ကိုကို့ချန်ချန်​လေးက"

"အဲ့အဲ့"

"လှလိုက်တာ အာဂီဂူး ကိုကိုကလည်း ပိုပိုပြန်​ပေးရမှာ​ပေါ့ အလိမ္မာတုံး​လေးကို "

"အဲ့ .... ခိခိခ်"

"ကြားလား ကြားလား သူ့ကိုယ်သူများ ကိုကိုတဲ့! လူကြည့်​တော့ဖြင့် ငှက်​ပျောသီးလောက်နဲ့!"

က​လေးနှစ်​ယောက်၏ ချစ်စရာ​ကောင်း​သော မြင်ကွင်း​လေးအား သ​ဘောတကျကြည့်​နေစဥ်မှာပင် ​ဘေးမှလူက တရှူးရှူးတရှားရှားဖြစ်လာပြီး ​ဟာအိုနှင့် ဒန်းပေါ်အတူထိုင်​နေရာက ထို​နေရာသို့ ထသွား​​တော့မည့်ဟန်ပြင်​နေသဖြင့် မနည်းပြန်ဆွဲထားလိုက်ရသည်။

"ဘာလို့ဆွဲထားတာတုန်း! လွှတ် ဟိုမှာ ငါ့သားပါး​တွေ ချိုင့်ဝင်ကုန်​တော့မယ်!"

"က​လေး​တွေချင်း တည့်တည့်ရှုရှုနဲ့ ​ချစ်နေကြတာကို ဘယ်လို​တွေဖြစ်​နေတာလဲ ​ဆောင်းဟန်ဘင်း! တကတည်း ဖင်မီး​လောင်သလို ​​ဆွေ့​ဆွေ့ခုန်​နေတယ်"

"ဟ! အဲဒီ​ကောင်​လေးက အလွန်အကြူး​လေ။ တ​စ်နေကုန် ငါတို့ပိုဒိုရီအနားပဲ ကပ်​နေတာ"

"​​သြော် .. ကျောင်းပိတ်ရက်​လေ သူလည်း ပျင်း​တော့ သူ့ညီ​လေးအနားပဲ လာတာ​ပေါ့ ​ဆောင်းဟန်ဘင်းရယ်။ ဒီနားမှာလည်း က​လေးဆိုလို့ သူတို့သုံး​​ယောက်ပဲရှိ ... အယ် သုံး​ယောက်ဆိုမှ အငယ်​လေး​ရော။ ဂယူဘင်းနီး​ရေ ..... ဂွန်းနုဂီ​လေး​ရော ပါမလာဘူးလား"

ဟာအို အသံမြှင့်ပြီး​အော်လိုက်​ရာ ချန်ချန့်ကိုမြှူရင်း အလုပ်ရှုပ်​နေ​သည့် ဂယူဘင်းနီးက လှည့်ကြည့်လာပြီး ​ခေါင်းခါပြသည်။

CottonCandy Twisted VinesWhere stories live. Discover now