1

2.4K 140 4
                                    

"sunghoon..၊ ငါ့ဆီအခုလာခဲ့ပေးပါလား"

ဖုန်းထဲမှလေသံဖျော့ဖျော့ကြောင့် သူ၏မျက်ခုံးနက်များမှာ စုကျုံ့သွားခဲ့ရသည်။အိပ်ရာမှထထိုင်ရင်း စားပွဲတင်နာရီကိုကြည့်မိတော့ည1နာရီခွဲ။စိုးရိမ်စိတ်က တိုးလာခဲ့၏။ဖုန်းထဲမှsunooကို သူပြန်မေးမိတော့၊ sunooသည် ရှိုက်သံတို့ကိုထိန်းချုပ်ရင်း တုံ့ပြန်လာခဲ့သည်။

"မင်း အခုဘယ်မှာလဲ "

"Seoulista Barမှာ..၊လာခဲ့မယ်မလား"

ဒီအချိန်ကြီး ထပ်ပြီးbarမှာ?park sunghoonဆီမှ ကျစ်ခနဲစုတ်သပ်သံကြောင့်sunooက ခဏတာ ငြိမ်သက်သွားသည်။နောက်ကျသည်အထိမသောက်ဖို့ sunghoonက အမြဲတမ်းမှာပေမဲ့ sunooက ဒီတခါလည်းစကားနားမထောင်မိပြန်။စိတ်တိုသွားမှာသိသိရက်နဲ့ သူsunghoonကိုသာ လှမ်းခေါ်မိ၏။သူ့မှာ သူငယ်ချင်းတွေအများကြီးရှိပေမဲ့ sunghoonကလွဲပြီး မည်သူနဲ့မှ ရင်ဘတ်ချင်းမနီးသလိုခံစားရသည်။

"ငါအရမ်းစိတ်ညစ်နေလို့ပါ။ငါ မင်းကိုတွေ့ချင်တယ်.."

ငိုသံတဝက်နဲ့sunooကြောင့် sunghoonသည် သက်ပြင်းချကာ သူ၏ရှေ့ဆံပင်တွေကို ခပ်ကြမ်းကြမ်းသပ်တင်လိုက်မိသည်။လွန်ဆွဲနေသော အတွေးတို့ကကြာရှည်မခံလိုက်ချေ။တစ်ယောက်ထဲရှိနေသူကို စိတ်ပူတာကြောင့် သူ ခပ်ပေပေထရပ်ကာjacketကိုဝတ်၍side tableပေါ်မှကားသော့ကိုကောက်ယူလိုက်တော့သည်။ထို့နောက် ခြေလှမ်းကျဲများနဲ့အိမ်မှထွက်လာလိုက်တော့၏။

"sunghoonie "

barရဲ့ထောင့်ကျကျစားပွဲဝိုင်းမှာ ထိုင်သောက်နေတဲ့ sunooက sunghoonကိုမြင်တာနဲ့ စကားသံလေးလေးပင်ပင်ဖြင့်လှမ်းခေါ်လာသည်။sunooမှာ ကိုယ်တိုင်ကလည်း ခေါင်းငိုက်စိုက်နေခဲ့သလို ထိုစားပွဲပေါ်မှာသောက်ထားတဲ့ ပုလင်းလွတ်တွေက မနည်း။

ဘေးနားဝင်ထိုင်လိုက်တာနှင့် သူ့လည်တိုင်ကိုခပ်မှီမှီသိုင်းဖက်လာတဲ့ sunooကြောင့် ရုတ်တရက်ကြောင်အသွားရသည်။

"တကယ်ပါပဲ...၊မင်းက အကောင်းဆုံးပါဆို"

sunooက အသိစိတ်ပျောက်နေတာမို့ ဘာမှမသိပေမဲ့စက္ကန့်ပိုင်းမျှ အေးခဲသွားရတဲ့သူဟာ လက်သီးများခပ်တင်းတင်းဆုပ်လိုက်မိ၏။ချက်ချင်းလူချင်းပြန်ခွါ၍ မျက်နှာကို အသေချာအကဲခတ်ကြည့်မိတော့ ငိုထားမှန်းသိသာတဲ့ မျက်လုံးဖောင်းဖောင်းတွေ။ အဝါရောင်မီးရောင်အောက်မှာမျက်ရည်တချို့နဲ့ နီရဲနေတဲ့ kim sunooရဲ့ပါးပြင်တွေ။

Look at that fluffy loafWhere stories live. Discover now