"ဒီနေ့ sunghoonရဲ့studioသွားလိုက်မလား''
driver choiသည် seoulတက္ကသိုလ်မှအပြန်လမ်းတွင် ကားကိုဂရုစိုက်မောင်းနှင်လာရင်း နောက်ခန်းမှsunooကိုလှည့်ကြည့်ကာမေးလိုက်သည်။
kimအိမ်ရှိ တက်ကြွသောအငယ်ဆုံးလေးမှာ အခုတလောပုံမှန်ထက် တိတ်ဆိတ်နေခဲ့၏။ sunooအလယ်တန်းကျောင်းသားဘဝကတည်းက driver choiက၊ကျောင်းပို့ကျောင်းကြိုခဲ့ရတာကြောင့် ဒီကလေး၏အရိပ်အခြည်ကိုတော့ သူကောင်းကောင်းဖတ်တတ်ပါသည်။
"မသွားတော့ဘူး ဦးလေး။အိမ်ကိုပဲတန်းမောင်းပေးပါ"
sunooသည် ကျောပိုးအိတ်ပေါ်မှာ ပို၍တုန်ခါလာသော
ဖုန်းကိုတချက်ကြည့်လိုက်ပြီးနောက် သူ၏ဆံပင်ပျော့ပျော့လေးတွေကို လက်နှစ်ဖက်နဲ့ဆွဲဆုပ်ပစ်ကာ ခေါင်းငုံ့ချလိုက်မိတော့သည်။သူ့ဖုန်းscreenမှာ ပေါ်နေသည်က 훈ဆိုသည့်nicknameဖြစ်ပြီး callအရေအတွက်မှာလည်း ဒီနေ့တွင်ဆယ်ကြိမ်လောက်ရှိနေပြီပင်။
တတူတူမြည်နေသော ထိုဖုန်းcallလေးမှာကိုင်သူမဲ့ကာ ကျသွားခဲ့ပြီးနောက် ဖုန်းscreen၌ဆက်တိုက်ပေါ်လာသောmessageတွေကိုတော့ sunooမြင်လိုက်ရသည်။
/စကားခဏပြောရအောင် /
/ စိတ်ဆိုးသွားတာလား တောင်းပန်ပါတယ်/
/ရှင်းပြချင်တာတွေရှိလို့ အတွေ့မခံနိုင်ရင်တောင် ဖုန်းတော့ကိုင်ပေးပါ/
စိတ်ဆိုးသွားတာလားတဲ့။ ထိုအတိုင်းတုံ့ပြန်ပြချင်သော်ငြား အဲ့ဒီ့နေ့ကသူကိုယ်တိုင်လည်း sunghoonရင်ခွင်ထဲမှာ အလိုက်သင့်နေပေးခဲ့မိတာဖြစ်နေသည်။
နှစ်ယောက်ထဲရှိနေချိန် ဖြစ်ခဲ့တာကြောင့် ခဏတာအခွင့်အရေးယူသွားသည်ဟု တွေးရအောင်မှာလည်း
sunghoonဟာ ထိုသို့သောလူမျိုးမဟုတ်တာကိုsunooသေချာသိပါသည်။ဒါဆို ဘာလို့လဲ။တသက်လုံးခင်လာခဲ့တဲ့သူငယ်ချင်းက
သူ့ကိုအနမ်းပေးလာပြီး သူကလည်း စိတ်လွတ်ကာမငြင်းဆန်မိခဲ့။တွေးရင်းဖြင့် အပြစ်ရှိသလို ခံစားချက်များပိုမိုဖိစီးသွားခဲ့ကာ heeseung hyungမျက်နှာကို မြင်ယောင်မိချိန်မှာတော့
သူလုံးဝမှားသွားပြီဆိုတာကို သိလိုက်ရသည်။
YOU ARE READING
Look at that fluffy loaf
FanfictionI remember the day that we first met On that bright and dazzling day, you came to me