luxuryဆန်သော ဤcafeထက် ပိုပြီးရှင်းသန့်ကာကြည့်ကောင်းနေတဲ့ ရှေ့တည့်တည့်မှသူကို သူမ ကြည့်လိုက်မိသည်။
ကောင်လေးသည် solid mock neck jumper အနက်ရောင်ကို leather belt ၊ စတိုင်ပန်နှင့်အတူ သပ်ရပ်စွာဝတ်ဆင်ထားပြီး လက်မှာတော့ တန်ဖိုးကြီးသော brand watchတစ်ခုကို ပတ်ထား၏။
ညာဖက်မျက်ခုံးနားမှ ဖောက်ထားသော eyebrow piercingကလည်း အမြင်မရိုင်းပဲ သူနှင့်အလွန်လိုက်ဖက်စွာ ရှိနေသည်။ထိုသူမှာအသက်အားဖြင့် သူမထက်2နှစ်ပိုငယ်၍fashionပိုင်းကအစ လူငယ်ဆန်ပြီး အဆင့်အတန်းတစ်ခုရှိနေမှန်း မြင်ယုံနှင့် သိနိုင်သည်။
စိတ်အပြောင်းအလဲ ဖြစ်သွားလားမသိ။သူတို့ဘာသာ ရုပ်ရည်မကလို့ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ ဘယ်ယောကျာ်းလေးကိုမှ အထင်မကြီးခဲ့သမျှအခုတော့ စစတွေ့ချင်းမှာပင် သဘောကျသွားခဲ့သည်။
စားပွဲပေါ်မှ လက်ကျန်pastaထပ် ကျော့ရှင်းသောလည်တိုင်မှ အဖြူရောင်ပုလဲလုံးလေးတွေကိုသာ လက်ချောင်းများနှင့် အကြောင်းပြချက်မရှိ ထိတို့ပြီး စကားစမပြတ်ချင်၍ စဉ်းစားခန်းဝင်နေမိသည်အထိပင်။
"ဒါနဲ့....sunghoonအရင်က ရည်းစားမထားဖူးဘူးဆိုတာ
တကယ်ပဲလား။နာမည်ကြီးdancerလည်းဖြစ်တော့ ကောင်မလေးတွေ အများကြီးရှိမယ်ထင်ခဲ့တာ"pastaကို စားနေရင်း တဖက်မှတစ်သျူးစကို လှမ်းယူရန်ပြင်တော့ sunghoonက ကမ်းယူပေးလာ၍ပြုံးလိုက်မိသည်။
"hye jin shiiသိထားတဲ့အတိုင်းပါပဲ၊ ဒါနဲ့ အခုက ကျွန်တော့်ရဲ့ပထမဆုံးblind dateပါ "
တဖက်လူက ဘာရယ်မဟုတ်ဆိုလာပေမဲ့ နားရွက်ဖျားတွေမှာ မသိမသာနီရဲသွားရတော့သည်။ဒါပေမဲ့လည်း sung hye jinကတော့ သူမ၏ပုံစံအတိုင်း သွက်၍ထက်မြက်သော အသွင်ကို ထိန်းသိမ်းနိုင်ဆဲဖြစ်ကာ စကားဆက်လေသည်။
"အမှန်တော့ ကျွန်မအတွက် ဒါကသုံးကြိမ်မြောက်လေ။
ပျော်တတ်တဲ့သူငယ်ချင်းတွေက တိုက်တွန်းကြလို့ တွေ့ဖြစ်ခဲ့ပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်ဝင်စားမှုမရှိလို့နောက်တခေါက်မတွေ့ဖြစ်ခဲ့ဘူး။"
YOU ARE READING
Look at that fluffy loaf
FanfictionI remember the day that we first met On that bright and dazzling day, you came to me