လက်ထဲမှစတီးတူအား စိတ်ပျက်စွာပစ်ချ၍ heeseung မေးကြောများကို တင်းလိုက်မိသည်။
ထမင်းစားပွဲရှိကြီးမားသော ဖန်ကြည်ရောင်မီးဆိုင်းကြီးမှာ အလွန်ခမ်းနားနေသော်လည်းအိမ်ဆိုသည့်ခံစားချက်ကိုတော့ ရှာဖွေ၍ မရနိုင်ချေ။
"သားတစ်ယောက်လုံး အိမ်ကို ရောက်နေတာတောင်
ဒီခရီးကိုပဲ သွားဦးမယ်ဆိုတာ ဘာသဘောလဲ။ရှင့်လုပ်ရက်တွေ ရပ်တန်းက ရပ်တာကောင်းလိမ့်မယ်။ဒီ့ထက်လွန်လာရင် ကျွန်မအဆိုးမဆိုနဲ့lee jae hwan!အားလုံးအရှက်မကွဲချင်ရင်ပေါ့"ထိုစကားကို အမေက လေသံမာမာနဲ့ပြောလိုက်ကာ မျက်နှာချင်းဆိုင်မှ heeseung၏ အဖေကလည်း ဒေါသဖြင့်တုံ့ပြန်လာ၏။
"ငါမွေးထားတဲ့ သားကတောင် ဘာမှမပြောတာ။မင်းက
ကြားထဲက ဘာတွေရှုပ်နေတာလဲ။ငါ့ကိစ္စတွေကို နေရာတကာလိုက်ပြောနေရအောင် မင်းကိုယ်မင်း အဲ့လောက် အရေးပါတယ်လို့ ထင်နေသေးတာလား"ထိုစကားကြောင့် ဖြူသော အမေ့မျက်နှာက ဒေါသကြောင့်နီရဲသွားခဲ့တော့သည်။heeseungသည် ထိုမြင်ကွင်းကိုကြည့်ကာ ခြောက်ကပ်ကပ်ရယ်မိလေသည်။
အခု သူ့ရှေ့က မိဘနှစ်ပါးမှာ တချိန်က သိပ်ကိုချစ်ခဲ့ကြပြီး အသက်17အရွယ်၊ မိဘတွေသဘောမတူတဲ့ကြားက ထွက်ပြေးပေါင်းသင်းလာခဲ့ကြတဲ့ နှစ်ယောက်လို့ ထင်နိုင်စရာကိုမရှိပေ။
သူ လူမှန်းသိတတ်စကတည်းက တစ်ယောက်နဲ့တစ်ယောက် အထိနာအောင် ပြောဆိုနေခဲ့ကြကာ၊ထိုနှစ်ယောက်ကြားမှာ တကယ်တမ်းရှိနေသည်က မဆုံးနိုင်တဲ့သစ္စာဖောက်မှုတွေ၊ တကိုယ်ကောင်းဆန်ခြင်းတွေနဲ့ တစ်ဦးနဲ့တစ်ဦး မုန်းတီးရွံရှာခြင်းတို့သာဖြစ်ခဲ့သည်။
သူနဲ့ အသက်အားဖြင့် 17နှစ်သာကွာသော မိဘတွေက
အခုချိန်ထိ အသက်40ကျော်မျှသာဖြစ်ကြပြီး သူတို့၏ကိုယ်ပိုင်သာယာမှုကိုလည်း အသီးသီး ရှာဖွေထားကြလေသည်။အဖေက modelကောင်မလေးများကို အထောက်အပံ့ပေးတတ်သလို အမေကလည်း ထိုအတိုင်းပင်။
"အဲ့ဒီ့ခရီးက ရှင့်မယားငယ်မနဲ့ ခရီးမလို့ပြောနေရတာပေါ့။
အခုချိန်ထိ အဲ့တာတွေအတွက်ပဲ ရှင်အလုပ်လုပ်နေတာလား။ ရှက်ရကောင်းမှန်းနားမလည်တဲ့ကောင်! ရှင့်ကိုယူမိတာကိုက ကျွန်မအမှား! ကလေးတစ်ယောက်သာမရရင် ကျွန်မအစောကြီး ထွက်သွားနိုင်ခဲ့မှာပဲ"
YOU ARE READING
Look at that fluffy loaf
FanfictionI remember the day that we first met On that bright and dazzling day, you came to me