သူကြည့်နေစဉ်မှာပင် စိတ်ရှုပ်ထွေးသွားဟန်ပေါ်သည့်sunooက အဝါရောင်လက်ကိုင်ပုဝါအား ထားခဲ့ပြီး companyထဲသို့ပြန်ဝင်သွားလေသည်။
heeseungမှာ သက်ပြင်းတစ်ခုကိုချရင်း မိမိကားရပ်ထားရာသို့ပြန်လျှောက်လာမိချိန် သူ၏ခြေလှမ်းများသာမက စိတ်ခံစားချက်တို့သည်လည်း အလွန်ဖိစီးလေးလံနေခဲ့လျှက်။သူ၏မျက်ခုံးတန်းများမှာလည်း အလိုမကျမှုကြောင့် တွန့်ချိုးနေခဲ့ပြီး အမျိုးအမည်မဖော်ပြနိုင်သောနောင်တတရားနှင့်အတူ သဝန်တိုခြင်းများက သူ့နှလုံးသားကို တတိတိလှိုက်စားနေတော့၏။
heeseungသည် ကားနောက်မှီသို့စိတ်ပင်ပန်းစွာခေါင်းမှီထားရင်း မျက်လုံးများကိုဖိမှိတ်ပစ်လိုက်သည်။တဆက်တည်းမှာပင်သူ့အာရုံထဲ၌ သူတို့တွဲနေစဉ်ကာလတည်းမှ sunooထံသို့ကျရောက်နေတတ်သော တစ်စုံတစ်ယောက်၏ ခပ်နက်နက်အကြည့်တို့မှာအနှေးကွက်ပြသလို ပြန်ပေါ်လာခဲ့ပါတော့၏။
ထိုစဉ်က လွန်ခဲ့သောသုံးနှစ်ခန့်၊sunoo၏ 19နှစ်ပြည့်မွေးနေ့ဖြစ်ပြီး sunooဦးဆောင်သည့်dinnerတွင် park sunghoonလည်း အတူပါလာခဲ့လေသည်။
companyတွင် အရေးပေါ်အစည်းအဝေးပေါ်လာသဖြင့်
အလုပ်များနေခဲ့သည့်သူကတော့ နာရီဝက်ခန့်နောက်ကျပြီးမှ sunoo bookingကြိုယူထားသော ထိုနေရာသို့ရောက်သွားခဲ့ခြင်းလည်းဖြစ်သည်။"hyung...ရောက်လာပြီပဲ!"
heeseungကို မြင်သည်နှင့် ကြိုစောင့်နေခဲ့သော
sunooသည် မှိုင်တွေနေရာမှ ပြုံးသွားတော့ကာ လက်ကလေးလှမ်းပြလာသည်။သူ ထိုtableသို့လျှောက်လာသည်နှင့်အတူ ခုံမှာထိုင်နေသော မျက်နှာစိမ်းကြောင့် မသိမသာမျက်ခုံးပင့်မိသွားရသည်။ဒါကိုsunooက ရိပ်မိသည့်အလား သူ့ကိုထိုင်စေကာ စကားစလာ၏။
"ဒါက ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းsunghoonလေ။
hyungကို အမြဲပြောပြနေကျမို့နာမည်တော့ ရင်းနှီးနေပြီးသားမလား""အင်း ၊ကိုယ်သိပါတယ်"
ထိုစဉ်က သူ sunoo၏အကြောင်းကိစ္စများကို ရေရေရာရာအာရုံမစိုက်ဖြစ်ခဲ့လျှင်တောင် park sunghoonဆိုသူမှာတော့ sunooအတွက်အလွန်အရေးပါမှန်း ရိပ်စားမိခဲ့သည်။
YOU ARE READING
Look at that fluffy loaf
FanfictionI remember the day that we first met On that bright and dazzling day, you came to me