ရေမြုပ်ထနေသောbathtubထဲ၌ ဖြူဖွေးနုနယ်သည့်ခန္ဓာမှာ တပိုင်းတစပေါ်နေ၏။bathtubကြွေထည်ကို မှီကာ အတန်ကြာငြိမ်သက်နေခဲ့သောkim sunooသည် ရေချိုးခန်းနံရံမှအကြည့်ခွါ၍ မျက်ဝန်းလှလှများကို မှိတ်ချလိုက်လေ၏။
သူ၏မြင်ကွင်းထဲ၌ သွေးစက်တို့တစ်စက်ချင်းစီးကျနေသည့်လက်တစ်ဖက်ရှိသည်၊sunghoon၏ပြတ်သားသည့်မျက်ဝန်းတစ်စုံရှိသည်၊သူ့အား ကျောခိုင်းထွက်သွားခဲ့သော အားနည်းနေသည့်နောက်ကျောပြင်ကျယ်တစ်ခုရှိနေသည်။
သူဆက်မတွေးချင်တော့ဘဲ ရေဘားခလုတ်ကို သွေးအေးစွာ ဖိပိတ်လိုက်ပြီး bathrobeဝတ်ဆင်၍ ရေချိူးခန်းအပြင်သို့ထွက်လာမိ၏။ရေစိုနေသည့်ဆံသားအိအိများကို ခပ်ဖွဖွသုတ်နေရင်း တိုင်ကပ်နာရီကိုကြည့်မိရာ ည8:30။အဝတ်အစားလဲပြီးနောက် အိပ်ယာပေါ်မှဖုန်းက အချက်ပေးသံများဆက်တိုက်မြည်လာချိန် ပိုးသားသဘက်ကို ဆုပ်ကိုင်ထားသည့်လက်မှာ တဖြေးဖြေးတင်းကြပ်သွားခဲ့ရသည်။
park sunghoonလား ? sunooမျက်မှောင်တစ်ချက်ကျုံ့လိုက်မိပြီး ထိုဖုန်းကိုယူကာ ယခင်အတိုင်းဖုန်းချပစ်လိုက်ရန်ပြင်မိသည်။သို့သော်ငြား contact nameအဖြစ် ပေါ်နေသည်က သူတွေးထားသည့်လူမဟုတ်ဘဲ heeseung hyungသာ ဖြစ်နေခဲ့ပါ၏။
"hello hyung..."
sunooသည် ဖုန်းကိုနားနားမှာကပ်ထားမိရင်း Laptopဖွင့်၍စာကြည့်စားပွဲထက်နေရာယူလိုက်မိ၏။သူနှင့်heeseung hyungမှာ ဆက်ဆံရေးတစ်ခုကိုပြန်လည်တည်ဆောက်ခါစဆိုသော်လည်း သူတို့၏အချိန်အများစုကတော့ အလုပ်အတူတူလုပ်ဖြစ်ကြခြင်းသာ။
ဒီနေ့မှာလည်း လက်စသပ်နေသည့်projectအကြောင်းသာ ပိုမိုဆွေးနွေးဖြစ်ကြမည်ဟုတွေးခဲ့ပေမဲ့ heeseungဟာ သူ ထင်မထားသည့်ခေါင်းစဉ်တစ်ခုကို စတင်ပြောင်းလဲလို့လာခဲ့လေသည်။
"ကိုယ်ဒီနေ့ အန်ကယ်လ်နဲ့စကားပြောဖြစ်တယ်။ကိုယ့်မိဘတွေနဲ့တွေ့ဖို့လည်း အန်ကယ်လ်ဘက်က ဆန္ဒရှိနေပုံပဲ။ဒီတစ်ခါတော့ နှစ်ဖက်မိဘတွေ့ကြည့်ဖို့ကို ကိုယ်တို့အချိန်ဆွဲမနေသင့်တော့ဘူးမလား"
heeseungဟာ ဖုန်းပြောနေရင်းမှ face callဖွင့်လိုက်ရာ ရေချိုးပြီးခါစ ကြည်စင်နေသည့်မျက်နှာနှင့်kim sunooကို ဦးစွာမြင်လိုက်ရသည်။sunoo၏ခန္ဓာကိုယ်သေးသေးမှာ အပြာရင့်ရောင်pajamaထဲ နစ်မြုပ်ဝင်နေ၏။
YOU ARE READING
Look at that fluffy loaf
FanfictionI remember the day that we first met On that bright and dazzling day, you came to me