11

1K 113 31
                                    

jongseongသည် မြင်ကွင်းကြောင့်တောက်ခေါက်ကာ leverကိုဖိ၍မောင်းထွက်လာခဲ့တော့သည်။

ထိုcafeဆိုင်ထဲတွင်တော့ heeseungနှင့်sunooတို့အတူရှိနေကြ၏။စက်သံပြင်းပြင်းဖြင့်မောင်းထွက်သွားသည့်ကားတစ်စီးကြောင့် လမ်းမဆီသို့sunooလှည့်ကြည့်လိုက်မိသည်။မသေချာပေမဲ့ ထိုအနီရောင်audiကားကိုရင်းနှီးစွာမြင်ဖူးသကဲ့သို့ရှိပြီး ကားပေါ်တွင်ဘေးတိုက်မြင်လိုက်ရသည့်မျက်နှာမှာလည်းpark jongseongနှင့်အလွန်တူနေခဲ့လေသည်။

"ဘာဖြစ်လို့လဲ"

sunooမျက်နှာကိုကြည့်ရင်း ဘေး၌ရပ်နေသည့်heeseung hyungက မေးလာသည်။သူ မျက်မှောင်ကျုံ့လိုက်မိရင်း အထွေအထူးမဟုတ်စွာ ထိုလမ်းမမှမျက်နှာလွှဲလိုက်တော့သည်။

"ဒီတိုင်း..ကားမောင်းကြမ်းလို့"

heeseungက သူနှင့်ဝေးကွာနေသောsunooကိုအနီးသို့ဖိတ်ခေါ်လိုက်ရင်းdessert counterသို့ဆက်လက်လျှောက်လာမိသည်။neck knitted sweaterကို long coatဖြင့်တွဲဖက်ဝတ်ထားသည့်lee heeseungမှာ ခြေလှမ်းတိုင်းတွင် ယုံကြည်ချက်ရှိကာ အထက်တန်းကျခန့်ညားသူဖြစ်ပြီး၊လက်ရှိ၌ သူတို့နှစ်ဦး၏ယှဉ်တွဲတည်ရှိမှုသည်လည်း လူအများကြား လိုက်ဖက်ညီစွာထင်းထွက်နေခဲ့​သည်။

amountများပြားသော သူ၏cardကို ဆိုင်ဝန်ထမ်းဆီပေးလိုက်ရင်း ဘေးမှကောင်လေးကို lee heeseungအကြည့်ပို့လိုက်သည်။ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်လောက်အောင် ထိုဖြစ်တည်မှုက သူ့အတွက်လှပလွန်း၏။sunoo၏ မိဘတွေက ပြောဖို့မလိုလောက်အောင် သူ့ကိုအတော်လေးသဘောကျကြတာမို့ သူတို့ကြားမှာကြီးမားသည့်နှောင့်နှေးစရာအကြောင်းပြချက်မရှိပါချေ။ဒါဆို sunooကရော..၊မကြာခင်တုံ့ပြန်တော့မည့်ဒီမေးခွန်းရဲ့ အဖြေကိုတော့ သူကိုယ်တိုင်လည်း သိချင်နေလျှက်ရှိသည်။

"သောက်စရာတွေ မှာပြီးပြီဆိုတော့ ဘာစားချင်လဲ၊ဒီဆိုင်မှာ canapèလည်းရတယ်။sunooကြိုက်တယ်မလား"

heeseungစကားကြောင့် dessert counterရှိ မှန်ဘောင်အကန့်တစ်ခုဆီသို့ သူ လှမ်းကြည့်လိုက်မိသည်။tuna canapé plateအား မီးရောင်အောက်သေသပ်စွာဖော်ပြထားပုံမှာ sunghoonသူ့အတွက်ကိုယ်တိုင်ပြင်ဆင်ပေးဖူးသည့်canapéကိုပင် ဘာရယ်မဟုတ်ခေါင်းထဲဝင်ရောက်လာစေခဲ့သည်။

Look at that fluffy loafWhere stories live. Discover now