အုန်းလက်တို့ ပွတ်တိုက်ထိခတ်သံများနှင့် ပြာလွင်နေသောပင်လယ်ပြင်မှ လှိုင်းပုတ်သံများ။
အအေးဓာတ်ရောနှောနေသည့် နေအလင်းတန်းက အနက်ရောင်ကားအတွင်းသို့ဖြာကျလာချိန် မှဲ့နက်ပေါ်မှ
မျက်ဝန်းများဟာလည်း ခပ်ဖြည်းဖြည်းပွင့်လာခဲ့သည်။တဆက်တည်း၌ ရင်ခွင်ထဲအိပ်မောနေကျသူအား
sunghoonငုံ့ကြည့်လိုက်မိလေသည်။ထိုစဉ်မှာပင် မျက်တောင်စင်းစင်းလေးကို ပုတ်ခတ်ပြီး sunooလည်းနိုးလာ၏။sunooသည် အိပ်ချင်မူးတူးဖြစ်နေလျှက် ခပ်အစ်အစ်မျက်လုံးလေးတွေကို လက်ဖမိုးနှင့် အတင်းပွတ်နေရာsunghoon၏ လက်တစ်ဖက်က ထိုလက်ကောက်ဝတ်နုနုကို ဆုပ်ကိုင်မိရက်သား။
"အရမ်းမပွတ်နဲ့ နာသွားမယ်"
ထိုအခါမှ sunooက သူ့ကို သတိပြုမိသွားပုံရသည်။တဆက်တည်း ညမှ အဖြစ်အပျက်တွေက ခေါင်းထဲ ရှင်းရှင်းလင်းလင်းဝင်ရောက်လာခဲ့ရာ sunoo၏ နားရွက်လေးနှစ်ဖက်ဟာ သိသိသာသာ နီရဲသွားပါတော့သည်။
ခပ်အမ်းအမ်းဖြစ်သွားပြီး တဖြေးဖြေးခေါင်းငုံ့သွားသည့်
sunooကို park sunghoonအသည်းမယားပဲမနေနိုင်။
အတွေးထက်မြန်သော သူက ဖောင်းကားနေသည့် ပါးနှစ်ဖက်ကို လက်တဖက်တည်းနှင့်ဆွဲဖျစ်ပြီး ဆူထွက်လာသည့် ဘဲနှုတ်ခမ်းလေးအား အနမ်းဖွဖွပေးပစ်လိုက်တော့သည်။မျက်နှာပြန်ခွါသွားသည့် sunghoonက သူ ဘာမှမလုပ်ခဲ့သည့်အတိုင်း။ကြောင်ငေးနေသောsunooကို သူ့ပုံစံအတိုင်း ခပ်တည်တည်သာ ပြန်ကြည့်နေ၏။
"morning kiss"
sunghoon၏စကားအဆုံးမှာ sunooက မနေနိုင်တော့ပဲ
မျက်မှောင်လေးကျုံ့သွားခဲ့သည်။"ရုပ်တည်ကြီးနဲ့"
sunoo၏ ဆူပုတ်ပုတ်မျက်နှာလေးကိုကြည့်ရင်း သူဟက်ခနဲရယ်မိကာ ခေါင်းယမ်းလိုက်တော့လေသည်။ဒီဟာလေးက ဘာလုပ်လုပ် ချစ်စရာကောင်းနေတော့တာပဲ။
"နေရတာ အဆင်ပြေလား"
ကြွက်သားတို့ဖြင့်တောင့်တင်းနေသော လက်မောင်းတွေကြားတွင် sunooက ပုခုံးလေးကျုံ့ကာရှိနေ၏။
"အွန်း.."
sunooကတော့ sunghoonခါးကို ဖွဖွလေးပြန်လည်ဖက်ထားရင်း ကားပြတင်းမှ လှမ်းမြင်နေရသည့် ပင်လယ်ရေလှိုင်းတွေကိုကြည့်၍အတွေးနယ်ချဲ့နေမိသည်။
YOU ARE READING
Look at that fluffy loaf
Fiksi PenggemarI remember the day that we first met On that bright and dazzling day, you came to me