လွန်ခဲ့သော ၁၂နှစ် : နတ်ဆိုးကို ပင့်ဖိတ်ခြင်း
ရှင်းမျိူးနွယ်က ဘာသာကိုးကွယ်မှုမှာ အထူးခြားဆုံးအနေနဲ့ မျိူးရိုးစဉ်ဆက် နတ်ဆိုးကိုသာ ကိုးကွယ်ကြသည်။ ရှေးဘုရင်လက်ထက်ကစလို့ ဘာသာထွန်းကားပေါ်ပေါက်လာချိန် နတ်ဆိုးတို့ကလည်း အပြိူင် လူသားတွေရဲ့ လိုအင်ဆန္ဓနဲ့ အသက်တို့ကို အလဲလှယ်ပြူလုပ်လာကြသည်။
" ပူဇော်ခြင်း အပိုင်းကို တိရစ္ဆာန်နဲ့ပဲ လုပ်လိုက်ပါတယ်။ ဒီလိုဆို အစီအရင်စပြီး နတ်ဆိုးက သူ့နဲ့ အလဲအလှယ်လုပ်မယ့်နေရာကို ရောက်ရှိလာမှာပါ "
တစ်ဖက်က သေခြင်းရှင်ခြင်း နယ်နမိတ်ဖျားမှာ လူသားတွေရဲ့ အသက်အရေအတွက်အလိုက် ရှင်သန်နေကြတဲ့ နတ်ဆိုးထဲမှာမှ စတုတ္ထမြောက် နတ်ဆိုးဖြစ်တဲ့ ပတ်ဆောင်ဟွန်း
" ငါ ဒါကိုလက်ခံဖို့သွားရမယ် "
သူ့နောက်မှာ ရပ်နေတဲ့ သူနဲ့ မျိုးနွယ်တူပြီး အကြီးအကဲဖြစ်သူ ဂျေးကို အသိပေးလိုက်သည်။
" နောက်ဆုံးတော့ မင်းက လူသားဝိညဉ်ကို ချည်နှောင်တော့မှာလား ! "
လိုအပ်တဲ့ ဓားနဲ့ ပြုစုထားတဲ့ ကျမ်းစာ ပြီးတော့ စာချူပ်လိုမျိူးအရာကို သူပြင်ဆင်ထားလျက် ခေါင်းငြိမ့်ပြလိုက်သည်။
" အလွဲအချော်မရှိ အဆင်ပြေပါစေ ဒီလူသားနဲ့ ပေါင်းဖက်နိုင်ပါစေ "
" ချီးဘဲ ! တစ်ဖက်သူက ဘာမှန်းမသိသေးဘူး "
ဂျေးက ဆောင်ဟွန်းကို စနောက်ရတာသဘောကျသည်။လက်ခံရယူခြင်း စီရင်ချက်က မိသားစုနဲ့ လဲလှယ်ရမယ့်သူ အစီအရင်ခံစာက ဂျေးလက်ထဲရောက်ရှိလို့လာသည်။
YOU ARE READING
Devil Number 4 ( နတ်ဆိုး နံပါတ် လေး )
Romanceနှစ် ၁၀၀ အကြာ ကမ္ဘာလောကမှာ ရှင်သန်နေထိုင်နေတဲ့ နတ်ဆိုး နံပတ် လေးနဲ့ ဂျစ်ကန်ကန် ခပ်ဆိုးဆိုး ပုံစံရှိတဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်