ထိုနေ့က သူတို့ရဲ့ပထမဆုံးနဲ့နောက်ဆုံးသော ဒိတ် ဖြစ်ခဲ့သည်။ တိုတောင်းတဲ့ အမှတ်တရလေးဆိုပေမဲ့လို့ ဆောင်ဟွန်းရဲ့ စိတ်ထဲမှာ ရှိတဲ့ စိတ်ဆန္ဒ သဘောထားအကုန်သိလိုက်ရပြီးနောက် ပထမဆူံးအကြိမ် ရှင်းဂျယ်ယွန်းမှာ အရာရာ တုံ့ဆိုင်းသွားခဲ့ရသည်။
ငါ အစီအရင်ကို ရုပ်သိမ်းလိုက်ရမလား
တီတီမြည်နေတဲ့ဖုန်းကိုကိုင်ပြီး စကားပြင်ချိန် တဖက်ကလည်းအရေးတကြီး ဖုန်းပြန်ပြောလာတာက
" ပြောစရာရှိတယ် ဂျေး "
" အဲ့ပြောစရာကို ငါအရင်ပြောရမယ်နဲ့တူတယ်.. မင်းသူငယ်ချင်း ယန်းဂျောင်၀န်း .. ဂျောင်၀န်းက ဟိုဘက်ရောက်သွားတယ်"
သူရုတ်တရက် ဂျေးပြောတာကို နားမလည်ပါ။ ဘာတွေဘယ်လိုဖြစ်သွားတာလဲ ?
" ဟိုဘက် ?? ဟိုဘက်ဆိုတာ ဘယ်နေရာလဲ "
" ငါတို့တွေ့ခဲ့တဲ့ နေရာ ငါ့ဆီကို မင်းရောက်လာတဲ့နေရာလေ ပြောရရင် ငါ့နန်းတော်ပေါ့ "
" ဟမ် အဲ့တာ ဘယ်လိုလုပ်ကြမလဲ ! ဘယ်လိုလုပ်ရမလဲ အဲ့ကို ရောက်သွားတာ သေမှာလား "
" သေတော့မသေနိုင်ပါဘူး အဲ့ကနေ ပြန်ခေါ်လို့ရမလား ငါမသိဘူး ပြီးတော့ သူက နတ်ဆိုးနဲ့ စာချုပ်ချုပ်ထားတဲ့သူမဟုတ်လို့လေ "
" အင်းအင်း.. အဲ့တာ ဘယ်လိုသွားခေါ်ရတာလဲ "
" နတ်ဆိုး နံပတ်လေးကပဲ ခေါ်ထုတ်လို့ရ တော့မှာနဲ့တူတယ် သူက အဲ့လိုနေရာကို အ၀င်အထွက်လုပ်နိုင်တယ် ငါက အခု စည်းကမ်းချိူးဖောက်ထားမိပြီလေ လူသားနဲ့ နတ်ဆိုးကို ခွဲဖို့အတွက် အစီအရင်ကို အထက်ကသိသွားပြီ အဲ့တာ ဘယ်အချိန် ငရဲက လာခေါ်မလဲတောင်မသိဘူး "
" ငရဲတဲ့လား..? ကြောက်စရာကြီးမလား "
သူတို့နှစ်ယောက်ကြောင့် ဂျေးလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်လာရသည်။ ဂျောင်၀န်းလည်း မရောက်သင့်တဲ့နေရာ ရောက်ရပြီး ဆောင်ဟွန်းလည်း ပိတ်မိနေခဲ့တာ ဟူးး သူရှာခဲ့တဲ့ပြဿနာချည်းပါပဲလား
"အမှန်တိုင်း ဆောင်ဟွန်းကို ဖွင့်ပြောပြီး ဂျေးနဲ့ ဂျောင်၀န်းကို ကယ်ရင်ရောရလား "
YOU ARE READING
Devil Number 4 ( နတ်ဆိုး နံပါတ် လေး )
Romanceနှစ် ၁၀၀ အကြာ ကမ္ဘာလောကမှာ ရှင်သန်နေထိုင်နေတဲ့ နတ်ဆိုး နံပတ် လေးနဲ့ ဂျစ်ကန်ကန် ခပ်ဆိုးဆိုး ပုံစံရှိတဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်