" ဒါ ဘယ်လိုပြန်ရောက်သွားတာလဲ...?"
" ပတ်ဆောင်ဟွန်း !! ဒီမှာ နတ်ဆိုး သတိရပါအုံး "
ဂျယ်ယွန်း အိပ်ပျော်နေတဲ့ အချိန် သေခြင်းနဲ့ရှင်ခြင်းကြားမှာ တဖြည်းဖြည်းပျောက်ကွယ်နေတဲ့ ဆောင်ဟွန်းကို တွေ့လိုက်ရသည်။
" ဒါ ပိတ်မိနေတဲ့ လက်ရှိကာလပဲ ! ဘယ်လိုဖြစ်လို့ ငါပြန်ရောက်လာတာလဲ "
အမှောင်ထုထဲမှာ ပတ်ဆောင်ဟွန်းရဲ့ ခန္ဓာကိုယ်ကိုသာမြင်တွေ့နေရပြီး အရောင်ဖျော့တော့စွာ ပျောက်ကွယ်သွားယောင်ယောင်ဖြစ်နေသည်။
"ဒီလိုမဖြစ်ရဘူး! မရဘူးလို့ "
တုန်ခါတဲ့အရှိန်နူန်းနဲ့ ဂျယ်ယွန်း သူ့အိပ်ယာပေါ်ကနေ လန့်နိုးလာပြီးနောက်
" အိမ်မက်လား ချီးဘဲ ! ရင်ထဲလန့်သွားတာပဲ"
အိမ်မက်လို့ကို မထင်ရလောက်အောင် ထင်ရှားနေတာ မဟုတ်မှလွဲ
" ဆောင်ဟွန်း !"
ချက်ချင်းပဲ အိမ်အောက်ထပ်ကို အလောတကြီးပြေးဆင်းသွားခဲ့အချိန် သူ့ထက်အိပ်ရာစောစောထပြီး အလုပ်ရှုပ်နေတဲ့ဆောင်ဟွန်းကိုတွေ့လိုက်ရတော့မှ
"အစောကြီးနိုးနေတာပဲ "
"အင်း ဟုတ်တယ် ကိုယ်ကျောင်းအရင်သွားစရာလေးရှိလို့ လိုအပ်တာတွေပြင်ဆင်ပြီး လိုက်လာခဲ့နော် "
ပတ်ဆောင်ဟွန်းကျောပြင်ကို ကြည့်မိရင်း သူသက်ပြင်းချမိပါသည်။ အတိတ်က ဆောင်ဟွန်းမှာ ဘာမှထူးထူးခြားခြား ဖြစ်တာမတွေ့ရဘဲ အကောင်းပကတိနဲ့ပင်
" အင်း... ဟုတ်ပါပြီ ဒါနဲ့လေ..."
အလိုလို ဂျယ်ယွန်းလက်တွေက ဆောင်ဟွန်းကို ဆုပ်ကိုင်မိပြီး
" ဟင်.. ကိုယ့်ကိုဘာပြောစရာရှိလို့လဲ "
ဆောင်ဟွန်းက တုန်လှုပ်နေတဲ့ဂျယ်ယွန်းကို စိုးရိမ်သောအကြည့်များဖြင့်မေးလာသည်။ ဝဲကျနေသော ဆံနွယ်များကို အသာတကြည်သပ်ပေးကာ ဘာမှပြန်မဖြေတဲ့ ထိုကလေးရဲ့ ပါးလေးကို နမ်းရှိုက်လိုက်သည်။
" အာ... အဲ့တာ တောင်းတာမဟုတ်ပါဘူး "
ဆောင်ဟွန်းက သဘောကျပြီး သွားတက်လေးတွေ ပေါ်နေအောင်ရယ်မိသည်။
YOU ARE READING
Devil Number 4 ( နတ်ဆိုး နံပါတ် လေး )
Romanceနှစ် ၁၀၀ အကြာ ကမ္ဘာလောကမှာ ရှင်သန်နေထိုင်နေတဲ့ နတ်ဆိုး နံပတ် လေးနဲ့ ဂျစ်ကန်ကန် ခပ်ဆိုးဆိုး ပုံစံရှိတဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်