အနာဂတ်က ကိစ္စတွေသိပြီးနောက်ပိုင်းမှာ သူအတွက် ပိုပြီး လုပ်စရာတွေများလာတော့သည်။ လူ့ပြည့်မှာ လူသားတစ်ယောက်အနေနဲ့ပဲနေပြီး ဒီအနှီကောင်လေးနား အချိန်ပြည့် စောင့်ရှောက်ရသည်။ အချိန်တန်တဲ့အခါ ထိုလူသား ဝိညဉ်ကိုနူတ်ပြီး ချိတ်ပိတ်ရတဲ့ တာ၀န်အပြင် တခြားအရာတွေများစွာ ရှိသေးခဲ့ပေမဲ့ သူ့အနာဂတ်က နတ်ဆိုးက ဘာမှမလုပ်ဖြစ်ခဲ့ပေ.. အချိတ်ဆက်မိတုန်းက သိခဲ့ရတာရှိခဲ့သည်
" နတ်ဆိုးအဆင့် နံပါတ်လေးက ပြောင်းလဲလို့ရပါတယ် လိုအပ်တာက သူ့အစား ဖြူစင်တဲ့ ဝိညဉ်တစ်ခုပဲ "
လွန်ခဲ့တဲ့ တစ်နာရီခန့်က
ကျွန်းတံခါးသဖွယ် ကြီးမားလှတဲ့ ဧရာမ တံခါးပွင့်လာပြီးနောက် ဧဒင်ဥယျာဉ်လို လှပနေတဲ့ ဒီနေရာလေးက သေချာတာ အနာဂတ်မှာ ရှင်းဂျယ်ယွန်းနဲ့ သူနဲ့ မင်္ဂလာဆောင်ရမယ့်နေရာလေးပင်ဖြစ်သည်။ လမင်းကြီးကိုလည်း နီးကပ်စွာ မြင်နေရသလို မှောင်မိုက်နေတဲ့ ကောင်းကင်မှာ ကြယ်တွေအပြည့်ရှိနေခဲ့ပြီး တဖြည်းဖြည်းလမ်းလျှောက်လာချိန် မြူခိုးများနဲ့ ဆိုင်းနေသော နန်းဆောင်သို့ ၀င်သွားပါတော့သည်။
" နတ်ဆိုး နံပါတ်လေးက ဆင့်ခေါ်ပါသလား"
" အင်း နောက်ကလိုက်ခဲ့ ဂျေးအစားလုပ်ပေးစရာရှိတယ် "
" ဟုတ်ကဲ့ "
သူ့အနောက်ကနေမှ သူ့ထက် နတ်ဆိုးအဆင့်နိမ့်တဲ့သူတစ်ယောက်ကိုခေါ်လာကာ ဂျောင်၀န်းဆီကိုသွားရင်းနဲ့ လမ်းမှာ စာရွက်တစ်ရွက်ကို ပေးခဲ့သည်။
" ဖိတ်စာလားဗျ "
" အေးလေ မမြင်ဘူးလား! "
" ဗျာ တစ်ဖက်က လူသားဖြစ်နေတုန်း လက်ထပ်ရင် နတ်ဆိုးက သေမျိူးဖြစ်သွားမှာပေါ့ "
"အင်း တကယ်တော့ အဲ့လိုမလုပ်ဖို့စဉ်းစားထားသေးတယ် အစီအစဉ်ရှိတယ် ! လောလောဇယ် အဲ့ လူသားကို ဘယ်မှာထားသလဲ "
" စီနီယာ အမိန့်ပေးသလို ဖမ်းဆီးထားပြီး ဘယ်သူမှမမြင်တဲ့ နတ်ဆိုးအိမ်တော်ထဲမှာ ထားထားပါတယ် "
သူ ယန်းဂျောင်၀န်းနဲ့ စကားတော့နည်းနည်းပြောရမည်။ ပြောရရင် ချိန်းခြောက်တာပေါ့။
YOU ARE READING
Devil Number 4 ( နတ်ဆိုး နံပါတ် လေး )
Romanceနှစ် ၁၀၀ အကြာ ကမ္ဘာလောကမှာ ရှင်သန်နေထိုင်နေတဲ့ နတ်ဆိုး နံပတ် လေးနဲ့ ဂျစ်ကန်ကန် ခပ်ဆိုးဆိုး ပုံစံရှိတဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်