"ငါ..ဘယ်သူလဲ "
ဝိုးတိုးဝါးတားမြင်နေရတဲ့ မျက်နှာကျက်အဖြူကြီးက တဖြည်းဖြည်း ထင်ရှားလို့လာပြီး သူရဲ့ဘေးနားမှာ ငိုယိုနေတဲ့ အမျိူးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။
" သားလေး... သတိရလာပြီ..! "
သူ့ခေါင်းတွေ လေးလံနေရုံပဲ ခန္ဓာကိုယ်က အခုချက်ချင်း ထထိုင်လို့ရလောက်တဲ့အထိ ပေါ့ပါးလန်းဆန်းနေတာကို သူ့ကိုဘာလို့ ဆေးရုံတင်ထားကြတာပါလိမ့်
" ထူးခြားစွာနဲ့ပဲ အကုန်လုံး ပကတိပျောက်ရှင်းသွားပါပြီ ဒါပေမဲ့ ကလေးက မှတ်ညဏ် ပျောက် ဆုံးသွားပါတယ်။ "
သူ့မိဘတွေက ဒီအကြောင်းကိုကြားပြီး သိပ်အံ့ဩပုံမပေါ်ကြပါ။ ပုံမှန်မိဘတွေဆို ငိုနေကြမှာပါ။ ဆယ်နှစ်အရွယ် ဂျယ်ယွန်းက လူကဲခတ်မြန်သလို ပါးနပ်သော ကလေးအဖြစ် ကြီးပျင်းလာခဲ့သည်။
မြိူ့ရဲ့ အဝေးတစ်နေရာ သာယာပြီး တိတ်ဆိတ်တဲ့ လူကုန်ထံရပ်ကွက်မှာ သူတို့နေထိုင်ကြသည်။ မြို့ထဲမှာ သူတို့အိမ်က နန်းတော်သဖွယ် ခမ်းနားလွန်းလှတာကြောင့် သူတကယ်ပဲ ဒီမိသားစုက သားသမီးလားလို့တောင် သံသယ၀င်ခဲ့မိသည်။
" ရှင်းဂျယ်ယွန်း အခုချိန်က စလို့ သားနားမှာ မေမေတို့ ဆရာတစ်ယောက် ခေါ်ထားပေးမယ်"
" ဗျာ .. သားအတွက် ဆေးကုပေးဖို့လား "
" မဟုတ်ဘူး သားက မှတ်ညဏ်တွေမေ့သွားတာဆိုတော့ စာလေ့လာတဲ့နေရာမှာ အားနည်းမှာဆိုးတာနဲ့ မေမေက ကျောင်းဆရာတစ်ယောက်ကို ခေါ်ထားပေးမှာပါ "
" ဟုတ် "
ဆေးရုံက ဆင်းလာပြီး တစ်လကြာသောအခါ ဆယ်နှစ်သား ဂျယ်ယွန်းက ပြန်ပြီး ကျောင်းတက်ရတော့သည်။ မှတ်ညဏ်တွေ မေ့ပျောက်သွားတယ်ဆိုပြီး သူ့ကို ကျောင်းအသစ် ပြောင်းစေပြီး ထိုကျောင်းမှာပဲ ဂျောင်၀န်းတို့ ဆောနူးတို့နဲ့ သူငယ်ချင်းဖြစ်ခဲ့သည်။
" ငါတို့ မင်းအိမ်မှာ လာကစားလို့ရလား ! "
အဆော့မက်တဲ့ ဂျောင်၀န်းက ဂျယ်ယွန်းကိုတွေ့တိုင်း တူတူကစားဖို့ပြောသည်။ ကျောင်းစတက်ကတည်းက အိမ်က အထူးစည်းကမ်းပေါင်း သောင်းခြောက်ထောင်နဲ့ သူ့ကို ဘယ်နေရာမှ သွားသွားလာလာ မရှိရဘူးလို့ပြောထားတာဖြစ်တာကြောင့် သူငယ်ချင်းတွေကို ခေါ်သွားမယ် ဆုံးဖြတ်ခဲ့သည်။
YOU ARE READING
Devil Number 4 ( နတ်ဆိုး နံပါတ် လေး )
Roman d'amourနှစ် ၁၀၀ အကြာ ကမ္ဘာလောကမှာ ရှင်သန်နေထိုင်နေတဲ့ နတ်ဆိုး နံပတ် လေးနဲ့ ဂျစ်ကန်ကန် ခပ်ဆိုးဆိုး ပုံစံရှိတဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်