အပိုင်း ၁၀

229 26 2
                                    

ကျောင်းဆင်းချိန် ဂျောင်၀န်းတစ်ယောက် အတန်းထဲကထွက်လာကာ ဖုန်းကိုပဲ ငေးကြည့်နေမိသည်။

Jungwon pov ~

ကိုကိုက စာမပြန်ဘူးပဲ ! အိမ်ပဲ လိုက်သွားလိုက်ရမလား 

ထူးထူးဆန်းဆန်း ရှင်းဂျယ်ယွန်းက အတန်းထဲမှာ ကျန်ခဲ့တာလည်းမရှိသလို သူ့ထက်ကြိုထွက်သွားတာကိုလည်းမတွေ့ရ။ အိမ်ပြန်ချိန် တူတူကပ်လိုက်ဖို့ တွေးထားပေမဲ့ ဂျယ်ယွန်းမပါဘဲနဲ့ မသွားရဲချေ။

" ဆောနူး! နင်မလိုက်တော့ဘူးလား ?"

" ငါ ဂိုက်အတန်းရှိတယ် ဂိုက်အချိန်ပြီးရင် ထွက်လာခဲ့လိုက်မယ်နော် ဒါနဲ့ ဂျယ်ယွန်းနဲ့တူတူသွားမယ်ဆို ဘာလို့တစ်ယောက်တည်းလဲ ?'

" အဲ့တာပြောတာ ငါမတွေ့လို့လေ ။ ငါ့ဘာသာသွားရမလား ငါ့ ကိုကိုကိုတော့ လာမယ်လို့ စာပို့ထားတယ် "

" အဲ့တာဆို သွားလိုက် ဂျယ်ယွန်းလည်းအကြောင်းကြားထားအုံး "

စိတ်ထဲမတင်မကျတွေဖြစ်နေပေမဲ့ တွေ့ချင်စိတ်ကြောင့် သူအရဲစွန့်ကာ ဂျယ်ယွန်းအိမ်ကိုထွက်လာခဲ့သည်။ အိမ်က နည်းနည်းလှမ်းသည်မို့ ကျောင်းထိပ်က တက္ကစီပဲငှားခဲ့လိုက်သည်။

" ကျောင်းသားက အဲ့အိမ်မှာနေတာလား ?"

" ဗျာ ! မဟုတ်ပါဘူး သူငယ်ချင်းအိမ်ပါဗျ သူ့ဆီသွားမလို့ "

" အင်း သတိလည်းထားအုံး အိမ်အကြီးကြီးမှာ ဘယ်သူမှလည်း သိပ်ရှိတာ မဟုတ်ဘူး ဦးလေးက အဲ့အိမ်ရဲ့ ဟိုဘက်နားလေးမှာနေတာ "

" ဟုတ်ကဲ့ လူတော့ရှိပါတယ် သူငယ်ချင်းက သူ့ညီနဲ့အတူ‌နေတာ နောက် ဦးလေးနှစ်ယောက်နဲ့နေတယ် "

" ဟေ ဟုတ်လား ? အဲ့အိမ်ရဲ့ ပိုင်ရှင်က တစ်ယောက်တည်းပါ နောက်တစ်ယောက်ကရော ဘယ်သူလဲ ဦးလေးမမြင်ဖူးဘူး "

" အမြဲ ကားနဲ့ လိုက်ပို့ပေးတယ် နောက် ဟင်းလျာတွေလည်း သူပဲ စီမံပြီး ချက်ပေးတာ အိမ်တော်ထိန်းလိုပေါ့ "

" ထူးဆန်းလိုက်တာ ဦးတော့ မမြင်ဖူးလို့ပါ'

ဂျောင်၀န်းလည်း ထိုဦးလေးဆီက စကားကြားပြီး ကြက်သီးထမိသည်။ ခြံတံခါးဖွင့်လျက်မို့ ကားဆရာက အထဲထိလိုက်ပို့ပေးခဲ့သည်။

Devil Number 4  ( နတ်ဆိုး နံပါတ် လေး )Where stories live. Discover now