အပိုင်း ၅ မင်းကို ချစ်တယ်

346 35 3
                                    

ဂျိတ်အီခု ..  အတန်းလည်းပြီးပြီဆိုတော့ ငါတို့ နင့်အိမ်လိုက်လည်မယ့်ကိစ္စ ဘယ်လိုလဲ ရတယ်မလား "

ဆောနူးတို့ပြောတော့မှ ကိစ္စတစ်ခုကို ပြန်စဉ်းစားမိသွားသည်။ သူတို့ အလယ်တန်းကျောင်းတုန်းက အိမ်လိုက်လာကြတာ ဆရာပတ်ကြောင့် ငိုပြီးပြန်သွားရတာလေ ...

" ဟဲ့ ပြောအုံးလေ ငါက အမေ့ကိုတောင် pajamas party လုပ်မယ်ပြောထားတာ သူက ရတယ်တဲ့ "

" ဟင် ဟုတ်လား ညအိပ်မှာပေါ့ နင်တို့နှစ်‌ယောက်လုံး "

" အင်း‌လေ မင်းပဲရတယ်ဆို "

အင်း အခုက အလယ်တန်းမဟုတ်ဘူး အထက်တန်းရောက်လာပြီဆိုတော့ ငါ ပတ်ဆောင်ဟွန်းကို ပြောရင်ရမှာပါ။ အရင်ကလို အိမ်ပေါက်၀ကနေ ကန်ထုတ်မှာတော့ မဟုတ်လောက်ဘူး ကဲ မထူးတော့ဘူး ခေါ်သွားလိုက်မယ်။

" အေး ငါတို့သွားကြတာပေါ့ အိမ်က ကားစောင့်လိုက်အုံးမယ် "

" ဟင် မင်းက တစ်ယောက်တည်း လမ်းလျှောက်ပြန်နေကြလေ ကားနဲ့လာကြိုမှာလား "

" လမ်းလျှောက်တာ .. အင်း ကားမလာသေးလို့ လျှောက်ပြန်တာနေမှာပါ ဟီးးး "

" ဘာလဲ ဒီအကောင် ! ငါတို့က နင့်သူငယ်ချင်းမှ ဟုတ်ရဲ့လား "

ချီးဘဲ ငါက အဲ့လောက်ဝေးတာကို လမ်းလျှောက် ဘယ်လိုပြန်ရမှာလဲ မိဘတွေက ဒီ အတိတ်မှာ ငါ့ကို ဘော်ဒီဂတ် သောင်းခြောက်ထောင်နဲ့ အနားမှာ မရှိကြတော့ဘူးလား ဘာတွေပြောင်းလဲပြန်ပြီလဲ ...

သူ ဒီအခြေအနေကို မသိတာကြောင့် ဘာပြောရမှန်းမသိချိန် ကားတစ်စီးက သူ့ရှေ့ ရောက်လာခဲ့သည်။

" တက်လို့ရပါပြီ သခင်လေး "

ကားအနေထားပုံစံက လူဆယ်ယောက်လောက် တက်စီးလို့ရတဲ့ ဇိမ်ခံကားကြီးနဲ့ သူ့ကိုလာကြိုတာတဲ့လေ အိမ်က ချမ်းသာတာတော့ ၀န်ခံပေမဲ့ ဒီမှာ ဒါ နည်းနည်း အိုဗာဖြစ်တယ်မထင်ဘူးလား

" Wowwwwww  ဂျိတ်အီခု ! မင်းကိုလာကြိုတဲ့ကားက ဘယ်လိုတောင်လဲ မဟုတ်မှ ငါတို့လာမှာသိလို့ ဒီလိုကားနဲ့ လာကြိုတာလား "

" အင်း... ဒါပေါ့ သူငယ်ချင်းလေးတို့ရဲ့ တက်တက် "

" သခင်လေးက ဒီဘက်..."

Devil Number 4  ( နတ်ဆိုး နံပါတ် လေး )Where stories live. Discover now