" မနေ့က အိမ်ကို ဘယ်သူလိုက်ပို့ပေးတာလဲမသိဘူး "
ကျောင်းတံခါး၀ကနေ ခေါင်းတစ်ဖက်ကို လက်က ကိုင်ထားလို့ Campus ထဲ လျှောက်လာတဲ့ ဂျောင်၀န်းကို အားလုံးက ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။
" အား... ခေါင်းတွေကိုက်လိုက်တာ သေပါတော့မယ် ဆိုဂျူးရယ် "
ယန်းဂျောင်၀န်း အရက်မူးမပြေသေးဘဲ မနက်နိုးလာတော့ ဘာမှမပြင်ဆင်ထားတဲ့ နံနက်စာအတွက် အိမ်မှာရှိတဲ့ နို့ပုလင်းကို ကောက်ထည့်ကာ ယူလာခဲ့ရသည်။
" နေအုံး... နေအုံး ဘာမှမမှတ်မိတော့တာ အဆင်ပြေမနေဘူးလေ မနေ့ညက အရမ်းသောက်မိသွားတာလား "
ပွစိပွစိပြောပြီး အတန်းထဲကို ရောက်ချလာတဲ့ ယန်းဂျောင်၀န်းက စားပွဲခူံပေါ် လူသေလို ခေါင်းမှောက်နေတဲ့ ဆောနူးကိုမြင်မြင်ချင်းပဲ ဂုတ်ကနေ ဆွဲလှန်လိုက်ကာ
" ဟဲ့... နင့်ကို ဘယ်သူအိမ်လိုက်ပို့လဲ "
" အားးး ငါ... မသိဘူး... တအားကိုက်နေတာပဲသိတယ် ခေါင်းကို တစ်ယောက်ယောက်လာထုနေသလိုပဲ ဒါ လူကြီးတွေပြောတဲ့ အရက်နာကျ .."
" ဟေ့ကောင် တိုးတိုးဟ ငါတို့သောက်တာ လူသိတော့မှာပဲ "
" ဘာဖြစ်လဲ ဆရာပတ်က သောက်ခိုင်းတာကိုး "
နှစ်ယောက်လုံးဟာ ဘူကောင်မျက်နှာထားတွေနဲ့ အရက်ကွဲနေကြပြီး ကျောင်းခေါင်းလောင်းမထိုးခင် ဝုန်းဒိုင်းကျဲပြီး ၀င်လာမယ့် ဂျယ်ယွန်းကို မျှော်နေကြသည်။
" ဆောနူး မင်း မဟုတ်မှလွဲရော နီကီနဲ့ ညက အိပ်တာလား "
" အင်း... ထင်တာပဲ ငါနည်းနည်းတော့ မှတ်မိတယ်။ နင်ကရော ဟိုစားဖိုမှူး ဂျေးဆိုလား..? "
တစ်ယောက်ကို တစ်ယောက် လက်ညိူးပြိူင်ထိုးပြီး မင်္သကာတဲ့ အကြည့်တွေနဲ့ အကဲခတ်နေကြသည်။
" ကင်ဆောနူး ! မင်းအကြိူက်က..."
" ရိုးရိုးသားသား အိပ်တာ ! နော် ..! နီကီက ကလေး ပြီးတော့ နင်ကမှ ဟိုဘဲကြီးနဲ့ အိပ်ခဲ့တာလေ နင်တို့ ရိုးသားတဲ့ပုံတော့မဟုတ်လောက်ပါဘူး ဘာလို့ဆို ခြံထဲမှာကတည်းက မင်းကို သူက နမ်းနေတာ ငါမြင်တယ်နော် "
YOU ARE READING
Devil Number 4 ( နတ်ဆိုး နံပါတ် လေး )
Roman d'amourနှစ် ၁၀၀ အကြာ ကမ္ဘာလောကမှာ ရှင်သန်နေထိုင်နေတဲ့ နတ်ဆိုး နံပတ် လေးနဲ့ ဂျစ်ကန်ကန် ခပ်ဆိုးဆိုး ပုံစံရှိတဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်