အပိုင်း(၂၀)[လျှို့ဝှက်ဆန်းကြယ်သောအဆောင်]

392 30 2
                                    

***zg***
ဖြစ်ပုံကတော့လန်ကျန့်ကဝေရင်းကိုတွေ့သွားသည်ကြောင့်စိတ်လှုပ်ရှားလွန်းသွားကာသတိတစ်ချက်လွတ်သွားခဲ့သည်။

ထိုအရာကိုတစ်ဖက်အဖွဲ့ကလန်ကျန့်နှင့်တိုက်ခိုက်နေသူကအခွင့်ကောင်းယူကာလန်ကျန့်ကိုအဆုံးစွန်းသောစွမ်းအားတွေကိုအသုံးပြုကာဒဏ်ရာအပြင်းအထန်ရရှိစေရန်တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း

သူ့ထက်ပိုမြန်သည့်ဝေရင်းကလန်ကျန့်ကိုရင်ခွင်ထဲးသို့ထည့်လိုက်ကာချီစွမ်းအင်နှင့်ထိုသူ့ထံကိုပစ်လွှတ်လိုက်ခြင်းဖြစ်သည်။

ဝေရင်းကြောင့်အပြင်းအထန်ဒဏ်ရာရရှိသွားတဲ့သူတို့ရဲ့အကိုကြီးကိုကြည့်ကာတစ်ဖွဲ့လုံးကရပ်တန့်ကုန်ကာဝေရင်းကိုထိပ်လန့်တခြားကြည့်နေကြသည်။

*အကိုကြီးအဆင်ပြေရဲ့လား...*

အဖွဲ့ထဲကလူတစ်ယောက်ကသူတို့အ​ကို​ကြီးကိုစိုးရိမ်သွားကာဒဏ်ရာရသွားသည့်သူကိုအလေားတကြီးသွားထိန်းပေးလိုက်သည်။

*ငါစိတ်ကောင်းဝင်နေတုန်းဒီနေရာကနေထွက်သွားလိုက်ကြတော့...လန်အာဘာမှမဖြစ်တာကိုကျေးဇူးတင်ကြ..မဟုတ်လို့လန်အာသာဒဏ်ရာတစ်ခုရသွားရင်တောင့်မင်းတို့ရဲ့အသက်တွေကအားမခံချက်မရှိဘူး..*

ဝေရင်းရဲ့ရေခဲးတမျှအေးစက်တဲ့အသံကြောင့်ထိုအဖွဲ့ကတစ်ယောက်ကိုတစ်ယောက်ထူပေးကာထွက်သွားလေသည်။

သူတို့အနေနဲ့ဒီနတ်ဆိုးရဲ့မြင်ကွင်းရှေ့မှာထပ်မနေရဲတော့ဘူးလေလူကြည့်တော့၁၈နှစ်တောင်မပြည့်လောက်သေးပေမယ့်အလွန်အစွမ်းထက်လွန်းသည်လေ

ထိုအဖွဲ့ထွက်သွားသည်နှင့်ဝေရင်းသူ့ရင်ခွင်ထဲကလန်အာကိုကြည့်လိုက်တော့သူကိုပြန်မော့ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

*လန်အာ..ဘာလို့ကိုယ့်ကိုကိုယ်ဂရုမစိုက်ရတာလဲကိုသာနည်းနည်းလေးနောက်ကျသွားရင်..လန်အာဒဏ်ရာရသွားနိုင်တယ်လေ..*

*ဟီးးး..ကောကလဲအခုလဲလန်အာဘာမှမဖြစ်ပါဘူး....လန်အာကနည်းနည်းလေးသတိလွတ်သွားရုံလေးတင်ပါ..လန်အာဘာမှမဖြစ်ပါဘူး..ကောရောဘာဖြစ်သွားသေးလဲ*

အဆင့်​မြင့်တင်ခြင်းစနစ်  ( zhanyi ❤💚)Where stories live. Discover now