အပိုင်း(၁၇)[လျှို့ဝှက်လောက]

453 28 3
                                    

***zg***

*လန်အာ...ကိုယ်တို့သွားကြရအောင်လေ*

ဝေရင်းရုံရုံနဲ့ဆော့နေတဲ့လန်အာကိုပြေားလိုက်သည်။

ဆရာကသူတို့နှစ်ယောက်လုံးကိုခေါ်ထားသည်ကြောင့်ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးသည်နှင့်ဆရာမစောင့်ရစေရန်အမြန်သွားရမည်ဖြစ်သည်။

*ဟုတ်..ကော..ဆရာကလန်အာတို့ကိုခေါ်တာဘာပြေားမလို့လဲမသိဘူးနော်..ကောသိလာ*

*ဟင်းအင်ကိုယ်လဲမသိဘူးလေ..လန်အာသိချင်နေပြီးဆိုကိုယ်တို့အမြန်သွားရအောင်လေ*

*ဟုတ်အမြန်သွားကြတာပေါ့*

စကားတပြေားပြောနှင့်ဓားပျံစီးကာသွားသည်မိုခနလေးနှင့်ရောက်သွားလေသည်။
သူတို့ဆရာနေတဲ့တောင်ပေါ်ရောက်တော့ရွှီးရန်ကျဲနဲ့မင်ရှင်းကောကပါတစ်ပြိုင်နက်ထဲရောက်လာသည်ကြောင့်အံသြ သွားသည်။

ဝေရင်းထုံးစံအတိုင်းပင်သူအရင်ဆင်းကာလန်အာကိုချီဆင်းပေးလိုက်သည်။
အခုဆိုလန်အာနဲ့သူနဲ့ချစ်သူတွေဖြစ်နေတာကိုနတ်ဓားတောင်ထွက်မှာမသိတဲ့သူမရှိတော့ပေ

သူ့ရဲ့လန်အာလေးကတော့လူထုကြီးရဲ့အားကျမှုတွေကိုခံယူနေရသည်ပေါ့

*ရွှီးရန်ကျဲ....ကျဲတို့ကိုလဲဆရာခေါ်ထားတာလား..*

*အွင်းကျဲတို့ကိုပါခေါ်ထားတာ...လန်အာလေးနဲ့ရင်အာကတော့မသိလောက်သေးဘူထင်းတယ်*

*ဘာကိုလဲကျဲရဲ့...*

ရွှီးရန်ကျဲနဲ့လန်အာရဲ့စကားဝိုင်းထဲကိုဝေရင်းပါဝင်ပါကာမေးလိုက်သည်။
မင်းရှင်းကောကတော့ထုံးစံအတိုင်းစကားတလုံးမှဝင်မပြောပေ

*တကယ့်ကိုမသိသေးဘူးပဲ....ငါ့ရဲ့ဆရာတူမောင်လေးနှစ်ယောက်ကပတ်ဝန်းကျင်ကိုပစ်ပြီးနှစ်ယောက်တစ်ကမ္ဘာတည်နေကြတော့ဘယ်သိပါ့မလဲလေ*

*ဟာ...ကျဲကလဲ...*

*ဟားဟားမစတော့ပါဘူး....ဒီလိုလေ၃နှစ်တစ်ခါ.ဒါမှမဟုတ်ရင်၅နှစ်တစ်ခါဆိုရင်လျှို့ဝှက်လောကရဲ့တံခါးပွင့်တာကိုကြားဖူးလား*

*ဟုတ်ကြားဖူးတယ်...လျှို့ဝှက်လောကပွင့်ရင်ဂိုဏ်းလေးဂိုဏ်းကအတော်ဆုံးဂိုဏ်းသာအယောက်၁၀၀စီဝင်ခွင့်ရှိတယ်...*

အဆင့်​မြင့်တင်ခြင်းစနစ်  ( zhanyi ❤💚)Where stories live. Discover now