အပိုင်း(၂၁)[ဝေရင်းရဲ့နောက်ခံ]

411 28 2
                                    

***zg***

*ပြန်လည်ကြိုဆိုပါတယ်...ဦးငယ်ရဲ့တူလေဝေ့ဝူရှန်း...*

သူတို့နှစ်ယောက်အဆောင်ကိုလိုက်ကြည့်နေတုန်းရင်းနှီးနေတဲ့အသံကြောင့်အသံလာရာဘက်ကိုလှည့်ကြည့်လိုက်တော့တွေ့လိုက်ရတဲ့သူကြောင့်ဝေရင်းအံသြ သွားရသလိုပျော်လဲပျော်သွားသည်။

*ဦးငယ်....*

ဝေရင်းမြေပြင်ပေါ်ကိုခြေချလာတဲ့ဦးငယ်ကိုပြေးဖတ်လိုက်သည်။
ဦးငယ်ကိုတွေ့ရလိမ့်မယ်လို့မထင်ထားသည်ကြောင့်သူအရမ်းပျော်နေသည်။

*အိုက်ရို...ဦးငယ်ရဲ့တူငယ်လေးကလူကြီးလေးတောင်ဖြစ်လာပြီပဲ... *

*ဦးငယ်...ဦးငယ်ကဒီကိုဘယ်လို့လုပ်ပြီရောက်နေရတာလဲ*

*ဦးငယ်ပြီးရင်ပြောပြမယ်..အခုတော့ဝေုအာရဲ့လက်တွဲဖော်လေးကိုအရင်မိတ်ဆက်မပေးချင်ဘူးလား*

ဦးငယ်ကသူတို့နှစ်ယောက်ကိုကြောင်တောင်တောင်လေးငေးကြည့်နေတဲ့ခလေးလေးကိုကြည့်ကာပြေားလာတာကြောင့်
ဝေရင်းလန်အာဆီသွားကာလန်အာလက်လေးကိုအသာဆုတ်ကိုင်ကာဦးငယ်လေးရဲ့အရှေ့မှာရပ်တန့်လိုက်သည်။

*လန်အာ...*

*ဗျာ..ကော*

*သူကကိုယ့်ရဲ့ဦးလေးပဲဦးလေးနာမည်ကဝေ့ကျီရှန်လို့ခေါ်တယ်...လန်အာကဦးငယ်လို့ခေါ်လို့ရတယ်နော်....ဦးငယ်သူလေးကကျွန်တော့်ရဲ့ချစ်သူလန်ဝမ်းကျီပါ*

*ဟုတ်...တွေ့ရတာဝမ်းသာပါတယ် ဦးငယ်*

လန်ကျန့်သူ့ရှေ့ကကောရဲ့ဦးလေးဆိုသူကိုအရင်နှုတ်ဆက်လိုက်​ပြီးအရိုအသေပေးလိုက်သည်။

*ဟုတ်ပါပြီကွာ...ထတော့ဦးငယ်ကိုဘာမှရှိန်စရာမလိုဘူးနော်ကိုယ်ဦးလေးတစ်ယောက်လိုသဘေားထား..*

*ဟုတ်...ဦးငယ်
..ကော*

*ဟင်...လန်အာပြောလေ*

*ဟိုလန်အာမေးမလို့..*

*အွင်း...မေးလေဘာမေးမလို့လဲ*

*ဟို..ကောပြောတော့ကောကိုယွင်ကလန်ကငယ်ငယ်လေးထဲကမွေးစားထားတာဆို..အခုဦးငယ်က..*

အဆင့်​မြင့်တင်ခြင်းစနစ်  ( zhanyi ❤💚)Where stories live. Discover now