Part 5
ကျတော့်ရဲ့တစ်နေ့တာကိုနေရောင်ခြည်နွေးနွေးလေးတွေကကြိုဆိုနေကြသည်။ မနက်ခင်းလမ်းလျောက်ပြီးနောက် အိမ်ပြန်လာပြီးရေမိုးချိုး၊ ပါးပါးနဲ့မားမားနဲ့အတူတူ breakfastစားဖို့ဆင်းခဲ့လိုက်သည်။ ဒီနေ့တော့မားမားဆီမှ အံ့ဩစရာတစ်ခုကြားသိလိုက်ရသည်။ ထိုစကားမှာ
မားမား "သားလေးမားမားသားကိုပြောပြစရာရှိတယ် ။သားအတွက်မားမားတို့ချွေးမလေးရှာထားပြီးပြီ။ အဲ့ဒါကတစ်ခြားသူတော့မဟုတ်ဘူး။ သားဒီနေ့စာသင်မဲ့သားရဲ့တပည့်မလေး အသက်ထက်ချစ်ဘဲ။ သားအနေနဲ့သားဘယ်လိုသဘောရလဲ။ သားဆန္ဒကိုလဲ မားမားနဲ့ပါးပါးကသိချင်သေးတယ်။ လူကြီးတွေစီစဉ်ပေးလို့ခေါင်းငြိမ့်ပြီးလက်ခံလိုက်ရတာထက် သားတို့ချင်းမေတ္တာရှိတာမျိုးကို မားမားကသဘောကျတယ်။ သားမှာအခုရည်ရွယ်ထားတဲ့သူမရှိဘူးဆိုရင် ပါးပါးနဲ့မားမားစီစဉ်ပေးတာကို စဉ်းစားစေချင်တယ်"
ကောင်းကင် "သားအမှန်တိုင်းမားမားနဲ့ပါးပါးကိုပြောပြပါ့မယ်။ သားသူ့ကိုသဘောလဲကျတယ်။ စိတ်လဲဝင်စားတယ်။ သားရဲ့အရိပ်အောက်မှာဘဲသူ့ဘဝလေးကိုအေးအေးချမ်းချမ်းဖြတ်သန်းစေချင်တယ်။ အဲ့ဒါကတော့သားရဲ့သူ့အပေါ်မှာထားတဲ့ဆန္ဒပါ။ မားမားတို့စီစဉ်တာကိုသားလက်ခံပါတယ်။ ဒါပေမဲ့သားဘက်ကအခုထဲကသိထားတာကောင်းပေမဲ့ သူ့ကိုတော့ သူ့အသက်ပြည့်တဲ့အချိန်မှသားကိုယ်တိုင်သူ့ဆီကနေလက်ခံနိုင်လား?လက်မခံနိုင်ဘူးလား?ဆိုတဲ့အဖြေကိုကြားချင်တယ်။ အဲ့ဒီ့တစ်ခုကိုတော့မားမားနဲ့ပါးပါးက အန်ကယ်တို့နားလည်အောင်ပြောပြပေးပါ "
ပါးပါး "သားရဲ့ဆုံးဖြတ်ချက်ကို ပါးပါးနဲ့မားမားကအမြဲလေးစားပေးမှာပါ"
ကောင်းကင် "ဟုတ်ကဲ့ သားကိုအခုလိုမျိုးချစ်ပေးတဲ့မားမားနဲ့ပါးပါးကိုသားကအမြဲတမ်းကျေးဇူးတင်ပြီးလေးစားနေမှာပါ" မိသားစု ၃ ယောက်မနက်စာစားပြီးတော့အလုပ်ကိုယ်စီလုပ်ကြပါတော့တယ်။ ပါးပါးကတော့ Company သွားပြီး မားမားကတော့ ကြီးကြီးနဲ့တူတူဈေးကိုသွားပါတယ်။ ကျတော်လဲမနက်ပိုင်းမြို့ထဲက Parisian မှာအလုပ်ကိစ္စနဲ့စကားပြောစရာရှိတာကြောင့်ချိန်းထားတဲ့နေရာကို 11နာရီရောက်အောင်ထွက်လာခဲ့ပါတယ်။ ဆိုင်သို့ရောက်တဲ့အခါ သောက်စရာတစ်ခုမှာပြီး အပေါ်ထပ်သို့စကားပြောရန်တက်လာပါတယ်။ အလုပ်ကိစ္စစကားပြောနေရင်းနဲ့ဘဲ အပေါ်ထပ်ဝိုင်းသို့ ကောင်းလေး ၃ယောက်နဲ့ကောင်မလေး ၂ယောက်ဆူဆူညံညံစကားပြောပြီးတက်လာခဲ့ကြပါတယ်။ ကျတော်လဲလှေကားဘက်ကိုကျောပေးထိုင်နေတာကြောင့် အသံဆူသွားတာသတိထာမိပေမယ့်အလုပ်စကားပြောနေတာ အာရုံမလွင့်ချင်တယကြောင့် သေချာအလုပ်ထဲအာရုံပြန်စိုက်ပြီးစကားဆက်ပြောခဲ့တယ် ခနအကြာအလုပ်စကားပြောလို့ပြီးသွားတော့ မှာထားတဲ့ Coffeeကိုသောက်ရင်း ဒေါင့်စွန်းဝိုင်းကိုအမှတ်မထင်ကြည့်မိတော့ ခလေးမလေးတယောက် ကောင်လေး ၂ယောက်ကြားမှာထိုင်ပြီးရယ်မောနေတာတွေ့လိုက်ရတော့ကျတော့်စိတ်ထဲ ဒေါသရော၊စိတ်တိုတာရောပေါင်းသွားခဲ့ပါသည်။ ကျတော်တော်ရုံ၊တန်ရုံဒေါသထွက်ခဲပြီး စိတ်တိုလွယ်သူတယောက်တော့မဟုတ်ပါဘူး။ အခုကျတော်မြင်လိုက်ရတဲ့မြင်ကွင်းထဲက ခလေးမကြောင့်ကျတော်စိတ်တွေမနည်းထိန်းချုပ်ပြီးဆိုင်ထဲမှထွက်လာခဲ့ရပါသည်။အလုပ်ကိစ္စကိုနောက်ရက်ထပ်ချိန်းပြီး အိမ်သို့ပြန်လာခဲ့လိုက်သည်။အိမ်ပြန်ရောက်တဲ့အချိန်နာရီကြည့်မိတော့ ၁ နာရီကျော်နေပြီ ကျတော်လဲအိပ်ခန်းထဲဝင် အဝတ်စားလဲပြီး ထမင်းစားရန် အောက်ထပ်သို့ဆင်းလာတော့ ဧည့်ခန်းထဲတွင်မားမားစကားပြောသံကြားတာကြောင့် သွားကြည့်မိတော့ အန်တီဒေါ်သက်ထားခင်ဖြစ်သည်။
YOU ARE READING
အသက်ကို.....ချစ်တယ်❤️
Tiểu Thuyết Chungပထမဆုံးစရေးဖူးတဲ့ fic လေးဖြစ်တာကြောင့်အမှားပါရင်နားလည်ပေးကြပါနော်။ ဇာတ်လမ်းပါအကြောင်းအရာများ အားလုံးသည်Mayရဲ့စိတ်ကူးသပ်သပ်သာဖြစ်တဲ့အတွက်လက်တွေ့ဘဝနဲ့တော့ကွာခြားတာတွေအများကြီးရှိမှာပါ။ Punishment အနည်းငယ်ပါဝင်ပါမယ်။