အသက်ထက်ချစ်ညပြန်ရောက်ထဲကအခန်းထဲဝင်သွားပြီး ရေချိုးလိုက်သည်။ ရေချိုးပြီးပေါင်လယ်လောက်ရှိတဲ့ဘောင်းဘီအတိုနဲ့တီရှပ်အပွကိုသာပေါ့ပေါ့ပါးပါးဝတ်ထားလိုက်သည်။ ခနအကြာတော့အခန်းတံခါးခေါက်သံကြားတာကြောင့် အိပ်ယာပေါ်မှထထိုင်လိုက်သည်။ မေမေကချစ်လေးဆန်ပြုတ်မကြိုက်မှန်းမသိလေသလားဘဲ။ ဆန်ပြုတ်ပန်းကန်ကိုင်တာဝင်လာခဲ့သည်။
အသက် "မေမေ ချစ်လေးကဆန်ပြုတ်မကြိုက်ဘူးလေ။ ချစ်လေးနေမကောင်းဖြစ်တိုင်း ကြီးကြီးတို့ကို ခေါက်ဆွဲပြုတ်နဲ့စွပ်ပြုတ်ဘဲလုပ်ခိုင်းတာ"
မေမေ "Sorryပါ မေမေ့ချစ်လေးရယ်။ မေမေမေ့သွားလို့ပါ။ ကြီးမြတို့က အနောက်ဆောင်ထဲပြန်သွားကြပြီ။ အခုကမေမေကိုယ်တိုင်လုပ်လာပေးတာ စားကြည့်ပါအုန်းချစ်လေးရယ်"
အသက် "မစားချင်ဘူး ချစ်လေးမကြိုက်ဘူး။ ချစ်လေးကိုခေါက်ဆွဲလေးဘဲပြုတ်ပေးနော်။ ချစ်လေးဆင်းလာခဲ့မယ်နော်"
မေမေ "ကောင်းပါပြီကွယ်။ မေမေပြုတ်ပေးထားမယ်။ ခနနေဆင်းခဲ့နော်"
ချစ်လေးခနအကြာမှာအောက်ထပ်ထမင်းစားခန်းသို့ဆင်းသွားပြီး ခေါက်ဆွဲပြုတ်စားခဲ့သည်။ စားပြီးအိပ်ခန်းထဲကိုမေမေကပါတူတူဝင်လာပြီးချစ်လေးကိုဆေးလိမ်း၊ဆေးတိုက်ပြီးအခန်းထဲမှပြန်ထွက်သွားခဲ့သည်။ ချစ်လေးကတော့ ကိုကြီးရဲ့လက်ဆဘယ်လောက်ပြင်းမှန်းတော်တော်လေးသိခဲ့သည်။အဝတ်စားလဲနေရင်း ကိုယ်လုံးပေါ်မှန်တွင်ပြန်ကြည့်မိသည့် ခြေထောက်နှစ်ချောင်းလုံးမှာမြင်ရက်စရာမကောင်းပေ။ ညလယ်လောက်ကျတော့ ချစ်လေးအဖျားစတက်ပါတော့သည်။ တစ်ခါမှအရိုက်မခံဘူးတာကြောင့် အနာရှိန်နဲ့ဖျားမှာဆိုးလို့ဆေးကြိုတိုက်ထားပေမဲ့မရပေ။ မိဘတွေကပိုးလိုမွေးခဲ့တာကြောင့်အထိမခံနိုင်ခဲ့ပါ၊ မနက်မိုးလင်းတော့ ဒေါ်သက်ထားခင်က Family Doctor ကိုဖုန်းဆက်ပြီးလှမ်းခေါ်ခဲ့ရသည်။ ချစ်လေးအဖျားက 104လောက်ဖြစ်နေကြတာကြောင့်ဆေးထိုးပေးပြီး၊သောက်ရမည့်ဆေးများပေးကာ မှာစရာရှိတာများမှာကာပြန်သွားခဲ့သည်။ ဦးရာဇာမောင်လဲ ဒေါက်တာပြန်သွားပြီးမှချစ်လေးကိုအခန်းထဲဝင်ကြည့်ပြီးမှ Companyသို့နောက်ကျမှထွက်ခဲ့သည်။ ချစ်လေးမနက်စာစားရန်အတွက် ဒေါ်ကြီးမြတို့ကိုလုပ်ပေးပြီးအပေါ်သို့လာပို့ရန်မှာခဲ့ပြီးနောက် ချစ်လေးအခန်းသို့တက်လာခဲ့သည်။ ဒီနေ့စာသင်ရန်ခွင့်ယူဖို့ ကောင်းကင်ဆီသို့ဖုန်းဆက်ခဲ့သည်။
YOU ARE READING
အသက်ကို.....ချစ်တယ်❤️
Fiksi Umumပထမဆုံးစရေးဖူးတဲ့ fic လေးဖြစ်တာကြောင့်အမှားပါရင်နားလည်ပေးကြပါနော်။ ဇာတ်လမ်းပါအကြောင်းအရာများ အားလုံးသည်Mayရဲ့စိတ်ကူးသပ်သပ်သာဖြစ်တဲ့အတွက်လက်တွေ့ဘဝနဲ့တော့ကွာခြားတာတွေအများကြီးရှိမှာပါ။ Punishment အနည်းငယ်ပါဝင်ပါမယ်။