ဒီတစ်ပတ် Sunday ပိတ်ရက်မှာကျတော့်ရဲ့အသက်လေးကို စားချင်တာတွေလိုက်ကျွေးပြီး၊သွားချင်တဲ့နေရာတွေကိုလိုက်ပို့ဖို့နဲ့လိုချင်တာတွေဝယ်ပေးဖို့ကတိပေးထားတာကြောင့်လိုက်ပို့ဖို့အတွက် မနက်စောစောထပြီး ပြင်ဆင်စရာတွေပြင်ဆင်ရပါတော့တယ်။ ကျတော့်ကလေးလေးရဲ့အမူအကျင့်တွေကိုပိုတိုးပြီးလည်း ကျတော်သိချင်လာမိတယ်။ ကျတော်တို့အပြင်သွားဖို့ 10:30 ချိန်းထားတာကြောင့် မနက်စာစားပြီး ကျတော်ရဲ့အလုပ်ကိစ္စတချို့ကိုဖြတ်နေရတာပေါ့။ 10နာရီခွဲဖို့ 15 မိနစ်အလိုလောက်ကျတော့်ကားနဲ့ အသက်ရဲ့အိမ်ကိုထွက်လာခဲ့လိုက်တယ်။ ကျတော်ရောက်တော့ကလေးမကပြင်ဆင်လို့မပြီးသေးဘူးလေ အဲ့ဒါနဲ့ကျတော်လဲဧည့်ခန်းထဲမှာထိုင်စောင့်နေလိုက်ပါတယ်။ အသက်ကိုထိုင်စောင့်ရင်း အလုပ်ကိစ္စဖုန်းဝင်လာတာကြောင့် အသက်အပေါ်ထပ်ကနေဆင်းလာတာကို သတိမထားမိလိုက်ဘူး။ ကျတော်ဖုန်းပြောပြီးတော့ အနောက်လှည့်ကြည့်လိုက်တော့ ကလေးရဲ့မျက်စောင်းလှလှလေးတွေနဲ့ တွေ့လိုက်ရပါတော့တယ်ဗျာ။ ဒီနေ့အသက်ဝတ်ထားတာလေးက ပေါင်လယ်လောက်ရှိတဲ့ပန်းရောင်ဂါဝန်ကားကားလေးကိုမှ အဖြူရောင် 2လက်မခွဲဒေါက်မြင့်ဖိနပ်လေးနဲ့ သူရဲ့ဆံပင်ဝဲဝဲလေးနဲ့ တကယ့်ကိုမှကလေးလေးဗျာ သူ့အသားဖြူဖြူဖွေးဖွေးလေးအပေါ်မှာပန်းရောင်လေးဝတ်လိုက်ေတာ့ချစ်စရာလေးပါဗျာ။ ကျတော်ဝတ်ထားကတော့ ပေါ့ပေါ့ပါးပါး T-Shirt မီးခိုးရောင်ကိုမှ ဘောင်းဘီ Style pant အမဲရောင်နဲ့ Shoes ဖိနပ်နဲ့ ကြည့်လိုက်ရင်တော့ ကိုကြီးနဲ့ကလေးလေးပေါ့ဗျာ။ကောင်းကင် "အဆင်သင့်ဖြစ်ပြီလား အသက်။ ကိုယ်တို့သွားကြတော့မလား"
အသက် "ဟုတ် ဖြစ်ပြီ ကိုကြီး။ သွားကြတော့မယ်လေ။ရောက်ရင် ချစ်လေးစားချင်တာဝယ်ကျွေးရမှာနော် လိုချင်တာအားလုံးလဲဝယ်ပေးရမှာ"
ကောင်းကင် "ဟုတ်ပါပြီဗျာ။ အသက်သဘောနော် ဟုတ်ပြီလား။ အန်တီတို့ကိုသွားတော့မှာနှုတ်ဆက်ပြီးပြီလား"
အသက် "ဖေဖေနဲ့မေမေမရှိဘူး။ မနက်အစောကြီးအလုပ်ကိစ္စရှိလို့သွားကြတယ်။ စိတ်မပူပါနဲ့ညထဲကချစ်လေးပြောပြီးသွားပြီ"
YOU ARE READING
အသက်ကို.....ချစ်တယ်❤️
General Fictionပထမဆုံးစရေးဖူးတဲ့ fic လေးဖြစ်တာကြောင့်အမှားပါရင်နားလည်ပေးကြပါနော်။ ဇာတ်လမ်းပါအကြောင်းအရာများ အားလုံးသည်Mayရဲ့စိတ်ကူးသပ်သပ်သာဖြစ်တဲ့အတွက်လက်တွေ့ဘဝနဲ့တော့ကွာခြားတာတွေအများကြီးရှိမှာပါ။ Punishment အနည်းငယ်ပါဝင်ပါမယ်။