အသက်ကို.....ချစ်တယ်❤️ Part - 7

731 31 5
                                    


ကောင်းကင်တစ်ယောက်တော့ အသက်ထက်ချစ်အကြောင်းကိုတွေးနေမိသည်။ ချစ်စရာကလေးမလေးကတော်တော်လေးဆိုးသွမ်း၊ဂျစ်တိုက်တတ်မှန်းသူသိသည်။ သူ့ရဲ့အဲ့ဒီ့အကျင့်တွေကိုဖျောက်ပေးပြီးလိမ်မာလာအောင်ထိန်းသိမ်းပေးရမှာသူ့ရဲ့တာဝန်‌ဘဲမဟုတ်ပါလား။ ကောင်းကင်တယောက်ရှေ့ဆက်ပြီးအသက်ထက်ချစ်ရဲ့ ကောင်းသည်၊ဆိုးသည်မှန်သမျှကိုလက်ခံပြီးတော့ပြုပြင်ရင်းနဲ့ချစ်သွားမှာပါ။ အတွေးတွေထဲမှာမျောရင်းနဲ့ကောင်းကင် ညည့်နက်မှအိပ်ပျော်သွားတော့သည်။
အသက်ထက်ချစ်တယောက်လဲညတိုင်းကောင်းကင်အကြောင်းကိုအတွေးနယ်ချဲ့ရင်းနဲ့ပင် အိပ်ယာဝင်နောက်ကျနေတော့သည်။ ကောင်းကင်ပေးလိုက်တဲ့အိမ်စာကိုမေ့နေပြီးတော့ ကောင်းကင်အကြောင်းဘဲစဉ်းစားနေတဲ့ချစ်လေးတစ်ယောက်တော့ ဒီနေ့မနက်လဲအိပ်ယာထနောက်ကျနေပြန်ပြီ။ ချစ်လေးနိုး‌တဲ့အချိန်နာရီကြည့်မိတော့ 10နာရီပင်ခွဲနေပြီ။ ချစ်လေးအိပ်ယာကနေထပြေးပြီးရေချိုးခန်းဝင် မျက်နှာသစ်ပြီး မနက်စာပင်မစား‌နိုင်တော့ပင်။ ကောင်းကင်မနေ့ကပေးလိုက်တဲ့ Mathsနဲ့Bio ကျက်ရမည်လေ။ မနေ့က ကောင်းကင်ပြောတဲ့အတိုင်းမလုပ်မိဘဲ ကောင်းကင်အကြောင်းကိုတွေးနေတဲ့ချစ်လေးတယောက်တော့ ဒီနေ့ကောင်းကင်ရဲ့ကြိမ်တုတ်တွေနဲ့သေချာမိတ်ဆက်ရတော့မည်မှာ 70%လောက်သေချာနေပြီလေ။ Maths 5ပုဒ်တွက်ပြီးအချိန်ကိုကြည့်မိလိုက်တော့ 12နာရီကျော်နေပြီ။ မနက်စာလဲဘာမှမစားရသေးတာနဲ့ နေ့လည်စာစားရန်အောက်ထပ်သို့ဆင်းလာတော့ မေမေကဒီနေ့အပြင်မသွားဘဲအိမ်မှာရှိနေသည်လေ။

မေမေ‌ "သမီးလေး အိပ်ယာထနောက်ကျတာလား။ အခုမှဆင်းလာတယ်"

အသက် "မဟုတ်ဘူးမေမေ။ ချစ်လေးအိပ်ယာနိုးတာ 10နာရီခွဲလောက်ထဲကပါ။ ကိုကြီးပေးလိုက်တဲ့အိမ်စာတွေ မလုပ်ရသေးတာနဲ့ထိုင်လုပ်နေလို့မနက်စာဆင်းမစားဖြစ်တာ။ အခုတစ်ဘာသာလုပ်ပြီးသွားပြီလေ အဲ့ဒါကြောင့်ဗိုက်ဆာတာနဲ့ထမင်းဆင်းစားတာမေမေ"

မေမေ " အမလေး။မေမေ့ရဲ့ချစ်လေးကလိမ်မာလိုက်တာနော်။ ချစ်လေး သမီးရဲ့ကိုကြီးစကားကိုသေချာနားထောင်နော်"မေမေ့ရဲ့ချစ်လေးကလိမ်မာလိုက်တာနော်။ ချစ်လေး သမီးရဲ့ကိုကြီးစကားကိုသေချာနားထောင်နော်"

အသက်ကို.....ချစ်တယ်❤️Where stories live. Discover now