ဒီနေ့လေးက ပုံမှန်ထက်ရာသီဥတုကသာယာနေပါတယ်။ ကျတော်ပုံမှန်အတိုင်းလမ်းလျောက်ထွက်လာရင်း ခလေးမလေးတယောက်နဲ့အမှတ်မထင်ဆုံခဲ့တယ် အဲ့ကောင်မလေးကချစ်စရာလေး အသားကဖြူဖြူဖွေးဖွေးလေးနဲ့ ရယ်လိုက်ရင်ပါးချိုင့်လေးနဲ့ ဆံပင်ကလဲဂုတ်ဝဲလေး အသက်ကတော့ကျတော့်အထင် 14နှစ်၊ 15နှစ်လောက်ဘဲရှိမယ်ထင်တယ်။ ကျတော့်အတွက် ခလေးမလေးပေါ့ သူမကကျတော်လမ်းလျောက်လာတာမမြင်ဘဲ ဖုန်းဘဲငုံ့ကြည့်ဘဲလမ်းလျောက်လာရင်း ကျတော့်ကိုဝင်တိုက်မိတော့တာပေါ့။သူ့အရပ်က 5'ကျော်ကျော်လောက်ဘဲရှိမယ်။ သူကျတော့်ရင်ဘတ်နဲ့ဝင်တိုက်မိတာ နောက်ကိုကျမလိုဖြစ်တော့ကျတော်လှမ်းထိန်းပေးလိုက်ပါတယ်။ပြီးတော့ရှက်ကိုးရှက်ကန်းဖြစ်ပြီး ကျတော့်ကိုရန်တွေ့သွားပါတယ်။ခလေးမလေး "အား...နာလိုက်တာ။ အာလူးသီးထွက်ပါပြီ။ ဒီမှာဦးလေးကြီး လူတစ်ယောက်လုံးလမ်းလျောက်လာတာမတွေ့ဘူးလား။ လမ်းသွားရင်လမ်းကိုကြည့်လျောက်ပါ"
ကောင်းကင် "ဟိတ်..ခလေးမ ကိုယ်ကမြင်တယ်။ မင်းကသာကိုယ့်ကိုမမြင်ဘဲ ဖုန်းကိုခေါင်းငုံ့ကြည့်ပြီးလျောက်လာတာ။ မင်းကသာကိုယ့်ကိုဝင်တိုက်တာ"
ခလေးမလေး "လျောက်လာတာမြင်တယ်ဆိုလဲ မတိုက်မိအောင် ဦးလေးကြီးကရှောင်လိုက်ပေါ့" ဆိုပြီးတော့ကျတော့်ကို ရန်တွေ့ပြီးထွက်သွားပါလေရော တောင်းပန်တောင်မသွားဘူး။ တော်တော်ဂျစ်ကန်ကန်နိုင်တဲ့ခလေးမလေးဆိုတာကျတော်သသိလိုက်ရပါတယ်။အိမ်ပြန်ရောက်တော့ အိပ်ခန်းထဲသို့ပြန်လာပြီး ရေချိုးပြီး ပါးပါးနဲ့မားမားတူတူမနက်စာစားလိုက်ပါတယ်။ ပြီးတော့ပါးပါးနဲ့တူတူ companyလိုက်လာပြီးမနေ့ကအန်ကယ်ဦးရာဇာမောင်နဲ့စာချုပ်ချုပ်ရန်ဖြစ်သည်။ Companyမှပြန်လာပြီး သူငယ်ချင်းတွေနဲ့ညနေ Evening dinner အတွက်မားမားမှလိုအပ်သည်များကိုမှာသောကြောင့် Makro Sat San မှာဈေးဝယ်ထွက်ခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူတူ အိမ်ပြန်လာခဲ့လိုက်သည်။ အိမ်ရောက်တော့မားမားကကျတော့်တို့အားလုံးစားဖို့ရန် စုံလင်စွာချက်ပြုတ်ထားတာကြောင့် ကျတော်တို့အားလုံးအားရပါးရနဲ့ခေါင်းမဖော်တမ်းစားခဲ့ကြသည်။ ဝယ်လာသည့်ပစ္စည်းများနဲ့ ညနေပွဲအတွက် ကျတော့်သူငယ်ချင်းများကဝိုင်းကူပြီးလုပ်ပေးနေကြသည်။
YOU ARE READING
အသက်ကို.....ချစ်တယ်❤️
Fiksi Umumပထမဆုံးစရေးဖူးတဲ့ fic လေးဖြစ်တာကြောင့်အမှားပါရင်နားလည်ပေးကြပါနော်။ ဇာတ်လမ်းပါအကြောင်းအရာများ အားလုံးသည်Mayရဲ့စိတ်ကူးသပ်သပ်သာဖြစ်တဲ့အတွက်လက်တွေ့ဘဝနဲ့တော့ကွာခြားတာတွေအများကြီးရှိမှာပါ။ Punishment အနည်းငယ်ပါဝင်ပါမယ်။