Part 6
ချစ်လေးကိုကောင်းကင်အိမ်ပြန်လိုက်ပို့ပြီးပြန်သွားခဲ့တယ်။ ချစ်လေးလဲအိမ်ရောက်တော့အခန်းထဲမှာလွယ်အိတ်ထား၊ အဝတ်စားလဲပြီးအောက်ထပ်သို့ထမင်းစားဖို့အတွက်ဆင်းလာခဲ့သည်။ထမင်းစားဝိုင်းတွင်
ဖေဖေ "ချစ်လေး ဒီနေ့မောင်ကောင်းကင်ယံနဲ့စာသင်တာဘယ်လိုလဲ။ချစ်လေးသင်ရတာအဆင်ပြေလား။ ဖေဖေကချစ်လေးအတွက် Mayလမှာကျူရှင်တက်ဖို့စီစဉ်ထားတယ်ချစ်လေး"
အသက် "ချစ်လေးကိုကြီးနဲ့စာသင်ရတာအဆင်ပြေပါတယ်ဖေဖေ။ ကိုကြီးကသေချာနားလည်အောင်စိတ်ရှည်ရှည်နဲ့ရှင်းပြတယ်ဖေဖေ။ ကျူရှင်ကတော့မလိုလောက်ဘူးထင်တယ်ဖေဖေ ဒါပေမဲ့ကိုကြီးကိုချစ်လေးတိုင်ပင်ပြီးမေးကြည့်လိုက်မယ်လေဖေဖေ မကောင်းဘူးလား"
မေမေ "သမီးလေးသဘောပါ။ မေမေတို့ကမောင်ကောင်းကင်ယံလက်ထဲ ချစ်လေးကိုအပ်ပြီးသားပါ။ မေမေတို့စိတ်ချတယ်"
ချစ်လေးလဲဖေဖေ၊မေမေတို့နဲ့ထမင်းစားရင်းစကားပြောပြီး အိပ်ခန်းသို့တက်လာခဲ့တယ်။ အိပ်ခန်းထဲကနှစ်ယောက်ဆိုဖာပေါ်မှာထိုင်ပြီး ကိုကြီးအကြောင်းကိုနယ်ချဲ့စဉ်းစားနေမိတယ်။ အင်းမ်........ကိုကြီးကစည်းကမ်းကြီးမဲ့ပုံစံမျိုး၊ အရပ်ကလဲ 6'လောက်ရှိတဲ့အရပ်၊ရင်အုပ်ကျယ်ကျယ်နဲ့ခန္ဓာကိုယ်ကတောင့်တောင့်ဖြောင့်ဖြောင့်၊ ရုပ်ကလဲချောတယ်၊ခန့်ကလဲခန့်တယ်။စတွေ့တဲ့အချိန်ထဲကကိုကြီးရဲ့ မျက်လုံးကရွှန်းလဲ့ပြီးအရမ်းဆွဲဆောင်မှုရှိတာဘဲ။ စတွေ့တဲ့အချိန်ထဲက ကိုကြီးကချစ်လေးရဲ့ဘယ်ဘက်အခြမ်းတစ်ခုလုံးမှာနေရာယူသွားခဲ့တာ။ ကိုကြီးနဲ့ဒီနေ့စာစမသင်ခင် ကိုကြီးပြောတဲ့စကားတွေ၊စည်းကမ်းတွေကလေ ချစ်လေးဘဝမှာ ပထမဆုံးအကြိမ်လူတစ်ယောက်ဆီကနေအလေးပေးခံရသလိုမျိုးခံစားရတယ်။ ဖေဖေနဲ့မေမေကချစ်လေးငယ်ငယ်ထဲက တစ်ဦးတည်းသောသမီးလေးဆိုပြီးအလိုလိုက်ခဲ့ကြတယ်။ ချစ်လေးသိတတ်တဲ့အချိန်ကျတေယ့ ဖေဖေကလုပ်ငန်းတွေတိုးချဲ့၊စီးပွားရေးတွေပိုလုပ်လာတော့အလုပ်ရှုပ်ပြီးချစ်လေးကိုအချိန်မပေးနိုင်ခဲ့ဘူး။မေမေကလဲဖေဖေအနောက်ကနေထပ်ကြပ်မကွာလိုအပ်တာတွေအကုန်လုပ်ပေးနေခဲ့ရတော့ ချစ်လေးကိုလဲမေမေကဂရုမစိုက်နိုင်ခဲ့ဘူး။ အဲ့ဒီအချိန်မှာဘဲချစ်လေးကအိမ်မှာအလိုလိုက်ခံရတာကလွဲပြီး အလေးပေးအချစ်ခံရတာမျိုးတွေမခံစားခဲ့ရဘူး။ အခုကိုကြီးနဲ့တွေ့တဲ့အချိန်မှာမှချစ်လေးဆီမှာ အဲ့လိုခံစားချက်မျိုးခံစားခဲ့ရတယ်။ ကိုကြီးရဲ့ဂရုစိုက်ပြီးချစ်ပေးတာမျိုးတွေကိုကြီးဆီကချစ်လေးလိုချင်တယ်။
"ကိုကြီးကိုချစ်လေးချစ်တယ်"
ကိုကြီးအကြောင်းကိုအတွေးနယ်ချဲ့နေရင်းဘယ်နှနာရီတောင်ရှိနေပြီလဲမသိဘူး။ နာရီကြည့်မိတော့ ၁၁နာရီတောင်ထိုးတော့မယ်။ ချစ်လေးလဲအိပ်ယာဝင်ခဲ့ပြီး ကိုကြီးပေးတဲ့အိမ်စာတွေမနက်အိပ်ယာထမှဘဲလုပ်ဖို့ဆုံးဖြတ်လိုက်တော့တယ်။ ချစ်လေးမနက်အိပ်ယာနိုးတော့ ၁၀နာရီထိုးနေပြီလေ အဲ့ဒါနဲ့ချစ်လေးလဲအိပ်ယာထပြီး မျက်နှာသစ်၊သွားတိုက်၊မျက်နှာမှာလိမ်းနေကျ skincareလိမ်းပြီး မနက်စာစားဖို့အောက်ကိုဆင်းလာခဲ့တော့ ဖေဖေနဲ့မေမေကအပြင်သွားပြီလေ။ ချစ်လေးလဲတယောက်ထဲမနက်စာစားပြီးတော့ အိပ်ခန်းထဲကိုဘဲပြန်လာပြီး မနေ့ကကိုကြီးပေးတဲ့အိမ်စာတွေလုပ်ရန်ပြင်ဆင်တော့သည်။ စာလုပ်နေရင်းနဲ့ကိုကြီးအကြောင်းကိုထပ်ပြီးတွေးနေမိသည်။ ကိုကြီးမှာကောင်မလေးရှိလားမသိဘူး၊ ကိုကြီးကဘယ်လိုပုံစံမျိုးကိုသဘောကျပြီးစိတ်ဝင်စားတာလဲမသိဘူး၊ ကိုကြီးကချောတော့ကိုကြီးနားမှာကောင်မလေးတွေလဲဝိုင်းဝိုင်းလည်နေလောက်မှာဘဲ။ ဖေဖေတို့ပြောတာကြားဖူးတယ် ကိုကြီးက UKကနေပြန်ရောက်တာမကြာသေးဘူးတဲ့ UKမှာ ITနဲ့ပတ်သက်တဲ့ဘွဲ့ယူပြီးပြန်လာတာဆိုတော့ ကိုကြီးကအရမ်းလဲတော်တယ်၊ထက်လဲထက်မြတ်တယ်။ ဟူး.......ချစ်လေးကိုကြီးကိုသဘောကျလိုက်တာ။ချစ်တယ်ကိုကြီးရေ.......ကိုကြီးကချစ်လေးကိုသိပ်ပြီးစိုးမိုးနိုင်လွန်းတယ်ဗျာ။ ကိုကြီးအကြောင်းစဉ်းစားနေတာဘယ်အချိန်တောင်ရှိပြီလဲ။ဟယ်.......၁၁နာရီခွဲကျော်နေပြီ။ အမလေးဘာစာမှမလုပ်ရသေးဘူး စာကလဲမေးအုန်းမယ်၊အိမ်စာကလဲစစ်အုန်းမယ်။ မရရင်ဘေးကကြိမ်လုံးတွေနဲ့မိတ်ဆက်ရအုန်းမယ်။ အမလေးကြက်သီးတွေတောင်ထတယ်။ မြန်မြန်လုပ်မှ
A few hour later.................. .......................
YOU ARE READING
အသက်ကို.....ချစ်တယ်❤️
Ficción Generalပထမဆုံးစရေးဖူးတဲ့ fic လေးဖြစ်တာကြောင့်အမှားပါရင်နားလည်ပေးကြပါနော်။ ဇာတ်လမ်းပါအကြောင်းအရာများ အားလုံးသည်Mayရဲ့စိတ်ကူးသပ်သပ်သာဖြစ်တဲ့အတွက်လက်တွေ့ဘဝနဲ့တော့ကွာခြားတာတွေအများကြီးရှိမှာပါ။ Punishment အနည်းငယ်ပါဝင်ပါမယ်။