အသက်ကို.....ချစ်တယ်❤️ Part - 1

1K 24 0
                                    

မိုးကောင်းပင်ယံတစ်ယောက်မြန်မာပြည်ကို 5နှစ်ကြာပြီးမှပြန်ရောက်လာခဲ့တယ်။ မြန်မာပြည်ပြန်မလာခင် ပါးပါးနဲ့မားမားကိုပြန်လာတော့မဲ့အကြောင်းပြောပြပြီးသားဆိုတော့ Airportမှာ ပါးပါးနဲ့မားမားကိုယ်တိုင်လာကြိုကြတယ်။ အရမ်းလွမ်းနေခဲ့တဲ့ ဒီမိသားစုလေးအတူတူပြန်နေရတော့မှာဆိုတော့ ကောင်းကင်ပျော်မဆုံးပါ။ ပါးပါးနာမည် ဦးအောင်မင်းယံ။ မားမားနာမည် ဒေါ်မိုးမြင့်ရွှေရည်။

At Airport.
ပါးပါး  "Welcome သား။ ပါးပါးနဲ့မားမားကသားကိုအရမ်းလွမ်းနေကြတာ"
မားမား "မားမားသားလေးက ပို့ခန့်ပြီးတော့ချောလာလိုက်တာ။ မားမားအိမ်မှာသားကြိုက်တဲ့ဟင်းတွေချက်ထားတယ်။ မားမားသားလေးအကြိုက်တွေကြီးဘဲ မားမားကိုယ်တိုင်ချက်ထားတာ"
ကောင်းကင် "သားကလဲ ပါးပါးနဲ့မားမားကိုအများကြီးလွမ်းနေတာ မိသားစုတူတူပြန်နေရတော့ အရမ်းလဲပျော်တယ်။ပြီးတော့သားက မားမားလက်ရာကိုအများကြီးလွမ်းနေတာ။ အခုမားမားလက်ရာစားရတော့မယ်။ရှယ်ဘဲကွာ"
ပါးပါး "ကဲလာ သွားကြမယ်မယ်။ အိမ်ရောက်မှကိုတို့ မိသားစု ၃ယောက်အလွမ်းထပ်သည်ကြတာပေါ့ကွာ"
Airportလာကြိုတော့ပါးပါးကိုယ်တိုင်ကားမောင်းလာခဲ့တာကြောင့် lover seat မှာမားမားကထိုင်တာပေါ့လေ။ ကျတော်ကတော့မြန်မာပြည်လေကို ဝင်လေ၊ထွက်လေ မှန်မှန်နဲ့အသက်ရှူနေတော့‌တာပေါ့။နာရီအနည်းငယ်လောက်ကားမောင်းလာပြီးတော့ ဖိုးစိန်လမ်းက ကျတော့်ရဲ့နွေးထွေးလှတဲ့ နှစ်ထပ်ခွဲတိုက်အိမ်လေးသို့ရောက်ရှိလာခဲ့ပြီလေ။ အိမ်မှာကကျတော်တို့မိသားစု ၃ယောက်အပြင် ဦးဖိုးကဲနဲ့ဒေါ်‌ညိုလှဆိုတော့သူနှစ်ယောက်ရှိပါတယ်။ သူတို့နှစ်ယောက်ကတော့ ပါးပါးနဲ့မားမား အိမ်ထောင်ကျကတည်းက ဒီအိမ်မှာရှိကျတော့ ကျတော်တို့ရဲ့မိသားစုဝင်တွေပါဘဲ။သူတို့နှစ်ယောက်မှာတော့ သား၊သမီးမထွန်းကားခဲ့တော့ ကျတော့်ကိုလဲအချစ်ပိုကြပါတယ်။ ပါးပါးကသင်္ဘောသားအရာရှိ(ငြိမ်း)တစ်ယောက်ပါ။မားမားကတော့မြို့ထဲမှာ ရတနာဆိုင်လေးဖွင့်ထားပါတယ်။မိဘလက်ထက်ထဲကလုပ်လာတဲ့မားမားရဲ့လုပ်ငန်းလေးပေါ့။
ကျတော့်အသက်က 28နှစ်ပါ။ ကျတော်က 10တန်းကို ဂုဏ်ထူး (4) ဘာသာနဲ့အောင်မြင်ခဲ့ပြီး ကျတော် ဝါသနာပါတဲ့ IT ပညာကိုဆက်တက်ခဲ့ပါတယ်။ပါးပါးနဲ့မားမားကတော့ ကျတော့်ရဲ့ဝါသနာကိုဘေးနားကနေ အကောင်းဆုံးပံ့ပိုးခဲ့ကြလို့ အခုကျတော် Londonကနေ ITနဲ့ပတ်သက်တဲ့ဘွဲ့ရရှိခဲ့ပါတယ်။ ကျတော် 10တန်းပြီးခါစကတော့ ကျတော်တက်ခဲ့တဲ့ 10တန်းကျူရှင်မှာဘဲ Guideအနေနဲ့ဆရာမကပြန်ခေါ်တော့ ကျတော် Guide ဝင်လုပ်ခဲ့ပါသေးတယ်။ ကျတော်ဝါသနာပါတဲ့ ITအလုပ်ကို အသက် 17နှစ်ကနေ အခု28နှစ်အထိလေ့လာသင်ယူခဲ့ပါတယ်။IT ပညာကတော့လေ့လာသင်ယူစရာကုန်တယ်ရယ်လို့မရှိပါဘူး။ကမ္ဘာကြီးကတစ်နေ့ထက်တစ်နေ့တိုးတက်ပြောင်းလဲနေတာဆိုတော့ လေ့လာသင်ယူစရာတွေက ကုန်တယ်ရယ်လို့မရှိဘူးလေ။

ပါးပါး+မားမား "သားလေးရေချိုးပြီးခနနားနေအုန်းနော်။ မားမားထမင်းပွဲပြင်ပြီးရင်ခေါ်လိုက်မယ်။သားအခန်းမားမားသေချာသန့်ရှင်းရေးလုပ်ပေးပြီးသားနော်။သားလေးအေး‌ဆေးနား။ ပါးပါးတို့ထမင်းစားပြီးစကားလက်ဆုံပြောကြတာပေါ့ကွာ"
ကောင်းကင်ယံ "ဟုတ်။ပါးပါးနဲ့မားမား အဲ့ဒါဆိုသားအပေါ်တက်တော့မယ်နော်"

ကျတော့်အခန်းလေးက အရင်တိုင်းပါဘဲ။သန့်ရှင်းရေးပုံမှန်လုပ်ထားတဲ့ပုံစံလေးပေါ့။ကျတော်ရေချိုးပြီး ကုတင်ပေါ်လှဲနေရင်း ခနအကြာ မားမားကအခန်းတံခါးခေါက်ပြီး ထမင်းစားဖို့လာခေါ်တော့ ထမင်းစားဝိုင်းသို့ဆင်းလာခဲ့လိုက်ပါတယ်။ 5နှစ်ကြာပြီးမှ မိသားစုလက်စုံပြန်စားရတဲ့ထမင်းဝိုင်းလေးက အရမ်းကိုမှပျော်စရာကောင်းခဲ့ပါတယ်။ ထမင်းစားပြီးတော့ ကျတော်တို့မိသားစုတွေစကားလက်စုံကျခဲ့ပြန်တာ ညနေ 6 နာရီတောင်ဘယ်လိုထိုးသွားမှန်းမသိခဲ့ရပါဘူး။ ပြီးတော့ကျတော်လဲ ခရီးပမ်းလာခဲ့ရတာနဲ့လေယာဉ်အကြာကြီးစီးခဲ့ရတော့ အိပ်ယာစောစောဝင်ဖြစ်ခဲ့ပါတယ်။

#အမှားပါတာတွေရှိရင်နားလည်ပေးကြပါနော်။Mayရဲ့ပထမဆုံး Ficလေးကိုလဲအကောင်းဆုံးကြိုးစားပြီးရေးသွားမှာပါ။နောက်နေ့မှ Part 2 လေးထပ် upပေးပါမယ်နော်။
#May

အသက်ကို.....ချစ်တယ်❤️Where stories live. Discover now