အပိုင်း ၅

321 22 0
                                    

Uni

အပိုင်း ၅


ကျန်းရှောင် ရုတ်တရက် သူမပါးစပ်ကို အုပ်လိုက်ကာ သူမမျက်နှာမှာ ထိတ်လန့်မှုအပြည့်နဲ့။ "ဥက္ကဌ ကျိုး၊ ကျွန်မ ​တောင်းပန်​ပါတယ်​။ ကျွန်​​မ နေလို့မကောင်းသလိုဖြစ်လာလို့ သန့်​စင်​ခန်းသွားဖို့ လိုနေလို့"

 "ကျန်းရှောင်"

ကျိုးရှို့လင်း နေရာမှာ ရပ်နေပြီး သူ့မျက်လုံးများက ပင်လယ်ကဲ့သို့ နက်ရှိုင်းနေခဲ့သည်။

ကျန်းရှောင် သန့်စင်ခန်းထဲက မထွက်လာတာကြာပြီမို့ ကျိုးရှို့လင်း လှည့်ပြီး ဟိုတယ် ဧည့်ခန်းထဲက ထွက်သွားလိုက်သည်။

 ကားသမားက သူ့ကို အပြင်ဘက်မှာ စောင့်နေတာ ကြာပြီ။ "ဆရာ-"

 "ဟွားရှ ဟိုတယ်ကို သွား " သူက နောက်ခုံမှာထိုင်လိုက်ပြီး မျက်လုံးမှိတ်ထားကာ အခုလေးတင် ဟိုတယ်ကမြင်ကွင်းတွေက သူ့စိတ်ထဲမှာ ပေါ်လာသည်။  

ကျန်းရှောင်ရဲ့ အရပ်အမောင်းနဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်။သူမက တကယ်တော့ ပိန်တဲ့ဘက်မှာရှိသည်။ သူမရဲ့အဝတ်အစားတွေက အမြဲတမ်း ချောင်ကျနေပုံရပြီး အဲဒါတွေက သူမ ဆိုဒ်အကြီးကြီးဝယ်ထားလို့လား ဒါမှမဟုတ် အဲ့လိုစတိုင်လားဆိုတာ သူ မသိဘူး။

ကျိုးရှို့လင်းသည် ချန်းရင်ရဲ့ ရိုက်ကူးရေးကို စုံစမ်းရန် လွန်ခဲ့သည့်တစ်နှစ်ခန့်က သူသွားခဲ့သည့်အကြောင်းကို တွေးတောခဲ့သည်။ ထိုအချိန်က သူမက ရိုက်ကွင်းမှာ ရှိနေသည်။ 

 နွေရာသီအလယ်တွင်၊ ရာသီဥတုက ပူလောင်လှသည် အပူချိန်က လေးဆယ့်ငါးဆယ်ဒီဂရီ စင်တီဂရိတ်နဲ့ ဒရမ်မာရုပ်ရှင်ဇာတ်ကားတွေရဲ့ ရိုက်ကူးရေးကာလတွေမှာ သရုပ်ဆောင်တွေက အဝတ်အစားတွေ အများကြီးဝတ်ရပြီး ရှုပ်ထွေးတဲ့ဆံပင်ပုံစံတွေ နဲ့ကြီးစွာသောဒုက္ခကို ခံစားကြရသည်။ 

လက်ထောက်လေးတွေက သဘာဝအားဖြင့် အလွန်အလုပ်ကြိုးစားကြပြီး ထီးတွေကိုကိုင်ကာ ယပ်ခတ်ပေးပြီး လက်ဖက်ရည်နဲ့ ရေတွေကို တိုက်ပေးကြသည်။ 

 ကျန်းရှောင်က ထီးကို တိတ်တိတ်ဆိတ်ဆိတ် ကိုင်ဆောင်ထားပြီး ကျိုးရှိူ့လင်း ထွက်သွားသည့်အချိန်အထိ သူမသည် ထိုနေရာ၌ ရှိနေကာ သူမ နောက်ကနေလိုက်နေတဲ့ သရုပ်ဆောင်အတွက် ထီးတစ်လက်ကို ကိုင်ပေးထားပြီး အခြားလက်တစ်ဖက်ဖြင့် သူတို့ကို ယပ်ခတ်ပေးနေခဲ့သည်။

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now