အပိုင်း ၃၆

138 13 0
                                    

အပိုင်း ၃၆

 "ကျွန်တော့် အစ်မ မွေးနေ့က ဒီတစ်ပတ်ပိတ်ရက်မှာဆိုတော့ ကျွန်တော် အန်တီလျန့်ဆီက ကြားလာတာ။ အဲ့တာက ကျန်းရှောင် မဟုတ်လား " 

ကျင်းကျုံးပိုင်၏ လေသံက မေးခွန်းထုတ်နေတဲ့ အရိပ်အမြွက် ပြနေသော်လည်း သူ့အမူအရာက ကျန်းရှောင် ဖြစ်သည်ကို သူသိနေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

 "ဟုတ်တယ်၊ ကျန်းရှောင်မှာ အရည်အချင်းရှိတယ်။ ကျန်းချင်က သူမကို ငါ့အနားမှာ အလုပ်ပြောင်းလုပ်ခိုင်းဖို့ အကြံပေးခဲ့တာ " ကျိုးရှို့လင်း သူ့အမူအရာကို ထိန်းလိုက်သည်။ 

 "တကယ်တော့ သူမက တကယ်ကို တော်တယ်။ ကျွန်တော် ကျင်းချန် ကို အရင်ပြန်နှင့်လိုက်ပါဦးမယ် နောက်ရက်မှ တွေ့ကြတာပေါ့"

 "နှုတ်ဆက်ပါတယ်"လို့ ကျင်းကျုံးပိုင် ပြောလိုက်သည်။ သူက လီနင် ရှပ်အင်္ကျီနှင့် အနက်ရောင် စတိုင်ပင်ဘောင်းဘီကို ၀တ်ဆင်ထားပြီး သဘာဝအတိုင်း သက်တောင့်သက်သာရှိသော လေကို ထုတ်ပေးနေသည်။

 အပြန်လမ်းတွင် ကျန်းချင် သက်ပြင်းချလိုက်သည်။ "ကျင်း တရှန်း(ဆရာကျင်း)နဲ့ အစ်မ ရင် တို့ရဲ့ ဆက်ဆံရေးက တကယ်ကောင်းတယ် "


 ကျန်းချင် သဘောတူခဲ့သည်။ "ဟုတ်တယ်။ သူနဲ့အတူ ရိုက်ကွင်းမှာ လဝက်လောက် အချိန်ကုန်ဆုံးခဲ့တဲ့နောက် သူက ကျော်ကြားမှုကို အခြေခံတဲ့ တခြားနာမည်ကျော်တွေ သူ့ကိုယ်သူ ဘယ်တော့မှမတိုင်းတာသလို ဘယ်တော့မှလည်း မာနမထောင်လွှားနေဘူး။ အမျိုးသမီးတွေက ဒီလိုကြောင့် သူ့ကို ကြိုက်ကြတာဖြစ်နိုင်တယ်"

 "အို" ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။

 "အဲ့လိုလား" မနေ့ညက ကျန်းရှောင် ကတော့ မိန်းကလေးတွေက သူ့လိုလူကို ကြိုက်ကြတယ်လို့ ပြောခဲ့သည်။

ကျန်းချင် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "လူကြီးမင်း ကျိုး၊ အရင်တုန်းက ကျင်းကျုံးပိုင်ရဲ့ စတူဒီယိုမှာ မဒမ် လက်ထောက်တစ်ယောက်အနေနဲ့ လျှောက်ထားခဲ့ဖူးတယ်လို့ ပြောပြဖူးလား"

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now