အပိုင်း ၄၀

123 12 0
                                    

အပိုင်း ၄၀


ကျန်းရှောင် ခါးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး တစ်ပတ်အကြာမှာတော့ ပုံမှန်အတိုင်း ကုမ္ပဏီမှာ အလုပ်ပြန်ဝင်ခဲ့သည်။ သူမသည် ကျိုးယန်ယန်နှင့် လုံးဝ မဆက်ဆံဘဲ အရာအားလုံးက ငြိမ်သက်နေခဲ့သည်။

ကျိုးယန်ယန်က ဟွားရှတွင် အထူးပြုစုမှု မခံယူရပေ။ သူမသည် ကုမ္ပဏီမှထုတ်လုပ်သည့် တီဗီဒရာမာများတွင် ထိပ်တန်းမင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခြင်းမခံရပေ။  

ကျိုးယန်ယန် ခဏတာတိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။ ဒါပေမယ့် မင်းသမီး ကျိုးကတော့ မင်းသမီး ကျိုး ဖြစ်နေဆဲပင်။  

"တစ်ခဏတာ နှစ်များ" ရုပ်ရှင်တွင် သူမပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ကောင်မှာ မူလက စက္ကန့်အနည်းငယ်မျှသာ ဖြစ်သော်လည်း ခုဟာက နှစ်မိနစ်အထိ ကြာမြင့်ခဲ့သည်။

 သူမအတွက်ကတော့ တကယ့်ကို ကြီးမားတဲ့ကိစ္စတစ်ခုပင်။ အကြောင်းရင်းကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။ လျန့်ယွဲ့ သည် ကျိုးယန်ယန်ကို အမှန်တကယ် ကြိုက်နှစ်သက်သောကြောင့် ဇာတ်ကွက်များကို ကိုယ်တိုင်ကိုယ်ကျ ထည့်သွင်းခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

ကျန်းရှောင် ဤကိစ္စကို အထူးတလည် မသိချင်သော်လည်း တီနာ၏ အပြောင်းအရွှေ့ကြောင့် သူမကို အံ့အားသင့်စေခဲ့သည်။ သူမ ကျန်းချင်ကို ဒီအကြောင်း သီးသန့်မေးမြန်းခဲ့သည်။
ကျန်းချင် ပြောခဲ့သည်။ "ဒါကို ဥက္ကဌ ကျိုး စီစဉ်ခဲ့တာဆိုပေမယ့် အကြောင်းပြချက် တိတိကျကျကို မပြောခဲ့ဘူး။ မဒမ်၊ မဒမ်ကိုယ်တိုင် ဥက္ကဌ ကျိုးကို သွားမေးလို့ရတာပဲ"

 ကျန်းရှောင် ကျိုးရှို့လင်းကို ဒီအကြောင်း မေးမြန်းရန် အဆင်မပြေခဲ့ပေ။ အဲ့တာက ကျိုးယန်ယန် နဲ့ တစ်ခုခု ပတ်သက်နေလားလို့ သူမတွေးမိသည်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ တစ်ချို့အရာတွေက သူမ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဘာမှ မသက်ဆိုင်ပေ။

 "မဒမ်၊ ဥက္ကဌ ကျိုးက မဒမ်ကို ပုဂ္ဂိုလ်ရေးအရ ဆက်ဆံတာ မဟုတ်ဘူး စည်းမျဥ်းစည်းကမ်းတွေကို အခြေခံပြီး ကူညီပေးနေတာ"

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now