အပိုင်း ၃၈

146 12 0
                                    

အပိုင်း ၃၈

 နောက်တစ်နေ့တွင် ကျိုးရှို့လင်း ကုမ္ပဏီသို့ရောက်ရှိလာတော့ ကျန်းချင်က စိတ်ပူပန်သောကရောက်နေတဲ့အမူအရာကို ဆင်မြန်းထားပြီး သူ့ရုံးခန်းတံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။  

"မန်နေဂျာ ကျိုး၊ မစ္စ ကျိုး အထဲမှာ စောင့်နေတာ နာရီဝက်ရှိနေပြီ"ကျန်းချင် စိတ်ပျက်လက်ပျက်နဲ့ ပြောခဲ့သည်။ မစ္စ ကျိုးက သူ့အပေါ် မလိုမုန်းတီးနေပုံရသည်။

 ကျိုးရှို့လင်း ခေါင်းညိတ်ပြီးပြောလိုက်သည်။ "မင်းအလုပ် မင်းပြန်သွားလုပ်လိုက်တော့ "  

တံခါးကို တွန်းဖွင့်လိုက်တော့ ကျိုးယန်ယန် ထိုင်ခုံပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရသည်။
 "အစ်ကို၊ ညီမကို စိတ်မဆိုးပါနဲ့။ ညီမ ငယ်ငယ်က အမှားလုပ်မိရင် အစ်ကို ညီမကို အမြဲတမ်း ခွင့်လွှတ်ပေးတယ်လေ" လို့ ကျိုးယန်ယန် စကားပြောရင်း နှုတ်ခမ်းတွေတုန်နေသည်။

 ကျိုးရှို့လင်း မျက်ခုံးကျုံ့ပြီး ပြောလိုက်သည်။ "ယန်ယန်၊ ဒီတစ်ခါက ငါမင်းကို ခွင့်လွှတ်မှာလား ခွင့်မလွှတ်ဘူးလားဆိုတဲ့ ကိစ္စ မဟုတ်ဘူး။ မင်းတောင်းပန်သင့်တဲ့သူက ကျန်းရှောင် "
ကျိုးယန်ယန် စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘာစကားတစ်ခွန်းမှမပြောဘဲ နှုတ်ခမ်းထော်ခဲ့သည်။ မရောက်ခင်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေက တဖြည်းဖြည်း ပြိုကျသွားခဲ့သည်။

 "ကျန်းရှောင် ထိခိုက်သွားပြီ၊ မင်း ဘာလုပ်လိုက်တာလဲ။ မင်းဘယ်အချိန်တုန်းကစပြီး နှလုံးသားမရှိတဲ့သူဖြစ်သွားတာလဲ"

"ငါ......"

 "အရာအားလုံးက ချင်းဟန်ကြောင့်။ ယန်ယန် မင်း ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူးလား "

ကျိုးယန်ယန် မျက်နှာက ချက်ချင်းဖျော့တော့သွားကာ သူမ မျက်လုံးအလွတ်လိုက်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။

 သူမအစ်ကိုလည်း ချင်းဟန် အကြောင်း သိနေတယ်။ သူမ၏ နှုတ်ခမ်းတွေက ခါးသီးပြီး ဖော်မပြနိုင်တဲ့ ခံစားမှုတစ်ခုအဖြစ် တုန်လှုပ်သွားသည်။

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now