အပိုင်း ၂၁

156 11 0
                                    

Uni

အပိုင်း ၂၁



 ဝင်ပေါက်မှာ ကျိုးရှို့လင်းသည် ဒါရိုက်တာနှင့် လက်ထောက် ဒါရိုက်တာတို့နှင့်အတူ အထဲကို လျှောက်လာနေသည်ကို သူမ တွေ့လိုက်ရသည်။ သူက အဖြူရောင်ရှပ်အင်္ကျီတစ်ထည်ကို ၀တ်ဆင်ထားပြီး သူ့တစ်ကိုယ်လုံးတွင် အတွန့်အစင်းမရှိဘဲ ရှေ့သို့ လျှောက်လာနေပြီး လူတိုင်း၏အကြည့်ကို ဆွဲဆောင်နေခဲ့သည်။

 ကျန်းရှောင် ကိုယ့်ဘာသာကိုယ်တွေးလိုက်သည်။ "အိုး၊ သူက နွေရာသီရဲ့ အေးမြတဲ့လေနုအေးနဲ့ ညင်သာစွာ တိုက်ခတ်နေသလိုမျိုး တကယ်ရောက်လာတာပဲ"

ကျိုးရှို့လင်းက ချက်ချင်း သူမကို လူအုပ်ထဲတွင်မြင်လိုက်ရသည် သူမက ရူးသွပ်စွာ ရပ်နေပြီးနီမြန်းနေတဲ့ မျက်နှာနဲ့ ဆံပင်ကို မြင်းမြီးပုံစံ ချည်ထားသည်။

 ဒါရိုက်တာက မေးလာခဲ့သည်။ "မစ္စတာ ကျိုး၊ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ရောက်ချလာတာလဲ" 
 ကျိုးရှို့လင်း ပြန်ပြောခဲ့သည်။ "ပထမဆုံးရိုက်တဲ့နေ့မှာ လာပြီး ဝိုင်းဝန်းကူညီပေးဖို့ရှိပေမယ့် အကြောင်း တစ်ခုခုကြောင့် မလာနိုင်ခဲ့ဘူး"

 ဒါရိုက်တာက လွန်ခဲ့တဲ့ သုံးရက်လောက်က ရိုက်ကူးခဲ့တဲ့ အခြေအနေကို အကျဉ်းချုံးပြီး ရှင်းပြခဲ့ကာ ကျိုးရှို့လင်း က ခေါင်းညိတ်ခဲ့သည်။ "ခင်များ တို့အားလုံး အလုပ်ကြိုးစားခဲ့ကြပါတယ်"

 ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က "ယိုးနျော့" ဒိန်ချဉ်ဖာတွေကို ယူဆောင်လာခဲ့ပြီးဖြစ်သည်။

ကျိုးရှို့လင်း ပြောလိုက်သည်။ "နေပူနေတယ်၊ အခုတော့ ခဏနားလိုက်ကြဦး"

 သူ့ဝန်ထမ်းတွေကို ဒိန်ချဉ်တွေ ဝေနေပြီ။ ဒိန်ချဉ်တွေ ရောက်ရှိလာခြင်းက လူတိုင်းကို ချက်ခြင်း အေးမြသွားစေသည်။

 ရုတ်တရက် ကျိုးရှို့လင်း ၏ အကြည့်များ လွင့်စင်သွားကာ သူ့မျက်ခုံးကို အနည်းငယ် ကျုံ့ခဲ့သည်။ ကျန်းရှောင် သည် သူမလက်ထဲမှာ ချိန်ကိုက်ဗုံးတစ်လုံးကို ကိုင်ထားသလိုမျိုး ချက်ချင်းနားလည်သွားသည်။ ဒိန်ချဉ်ကို သူမဘေးနားက ကောင်မလေးကို ပေးလိုက်သည်။

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now