အပိုင်း ၃၄

191 15 0
                                    

အပိုင်း ၃၄


ဒီအခိုက်အတန့်မှာ ဟောင်ကောင်မှာ နေနေတဲ့ ကျိုးယန်ယန်က သူမရဲ့တိုက်ခန်းသို့ ပြန်ရောက်နေပြီဖြစ်သည်။မနေ့က ကျန်းရှောင်ရဲ့ပုံပန်းသွင်ပြင်ကို တွေးခဲ့ပြီး တနေကုန် သတိလစ်ဟင်းနေခဲ့ကာ ဒါက အစစ်လား အတုလားဆိုတာ မသေချာဘဲ စိတ်တွေရှုပ်ထွေးနေခဲ့သည်။

ဒါက အစစ်အမှန်ဆိုရင် ကျန်းရှောင် သူမရဲ့အစ်ကိုဆီ တိုင်မှာကို သူမ ကြောက်သည်။ ကျိုးယန်ယန် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပြီးနောက် တီနာ ဆီဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်။

 "တီနာ၊ ကျန်းရှောင် ဒီနေ့ ကုမ္ပဏီ လာလား"

 "သူက အရမ်း ရေငုံနှုတ်ပိတ်တယ် "

 "အိုး ဒါဆိုအဆင်ပြေတယ်။ ငါ နင်နဲ့ စကားထပ်မပြောတော့ဘူး။ အနားယူလိုက်တော့။ ငါသဘက်ခါမှ ပြန်လာခဲ့မယ်။ ဘိုင်း!"

 "ဘိုင်း!"

ကျိုးယန်ယန်သည် ထိုနေ့က ကျန်းရှောင် သူ့ကိုယ်သူ ဒရာမာဘုရင်မအဖြစ် ဟန်ဆောင်နေတာ ဖြစ်မည်ဟု တွေးနေမိသည်။

 ခဏကြာတော့ သူမရဲ့ဖုန်းက ရုတ်တရက် မြည်လာပြန်တော့ သူမရဲ့အဖေ ဖုန်းခေါ်နေတာကို တွေ့လိုက်ရသည်။ သူမရဲ့အသံက နူးညံ့ချိုသာစွာဖြင့် ရွှင်မြူးစွာ ဖြေခဲ့သည်။

 “ဖေဖေ…” သူမရဲ့အသံက ပျော့ပြောင်းပြီး ချိုမြိန်သွားခဲ့သည်။

ကျိုးယန်ယန် သူမ၏ နှလုံးသားထဲတွင် မတရားမှု အရှိန်အဟုန်ကို ခံစားလိုက်ရသည်။ "ဖေဖေ၊ ကျန်းရှောင် ဟန်ဆောင်နေတာ။ သမီး သူ့ကို နည်းနည်းပဲတွန်းလိုက်တာကို သူ့ဘာသာသူ စားပွဲနဲ့ ဝင်တိုက်မိတာ။ အဖေ ကျေးဇူးပြုပြီး သူ့ရဲ့ပုံပြင်ကို နားမထောင်နဲ့"

 ဖေဖေ ကျိုးရဲ့ ဒေါသတွေ တဟုန်ထိုး တက်လာခဲ့သည်။ သူသည် သူ့သမီး စည်းကမ်းလိုက်နာအောင်လုပ်တဲ့နေရာမှာ ပေါ့လျော့လွန်းသွားသဖြင့် သူမကို အခုလက်ရှိ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်း မရှိခြင်းနှင့် ငြင်းခုံရန် သဘောထားတို့ကို ဖြစ်ပေါ်စေခဲ့သည်။

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now