အပိုင်း ၁၆

213 12 0
                                    

Uni

အပိုင်း ၁၆


 ရက်အနည်းငယ်ကြာပြီးနောက် ကျင်းကျုံးပိုင်သည် ဟွားရှ တွင်ပေါ်လာပြီး "သာယာဝပြောသောကမ္ဘာ" အတွက် ဆွေးနွေးမှုအစည်းအဝေး တစ်ခုတက်ရောက်ခဲ့သည်။ 

ကျန်းရှောင် သတင်းကိုကြားတော့ ဝမ်းသာသွားသော်လည်း ကျင်းကျုံးပိုင်က စာချုပ်ချုပ်ပြီးသွားပြီလို့ ကိုယ့်ကိုယ်ကိုယ် တွေးဖို့မကူညီနိုင်ခဲ့ပေမယ့် ကျိုးရှို့လင်းက သူမကို မပြောခဲ့ပေ။ သူတကယ်ကို တွန့်တိုခဲ့သည်။

 ထိုအချိန်တွင် ကျောက်ရှင်းရန်သည် ဘီ မြို့တော် မှပြန်လာပြီး အိမ်မှာ တစ်ရက် အနားယူနေပြီဖြစ်သည်။သူမက ကျင်းကျုံးပိုင်ကို ကြိုသိရန် အထူးအနေနဲ့ ကုမ္ပဏီသို့ လာခဲ့သည်။

 အဲဒီနေ့မှာပဲ ကုမ္ပဏီရဲ့ သန့်ရှင်းရေး အဒေါ်ကြီးတောင် စိတ်လှုပ်ရှားနေပြီး လူတိုင်းက ကျင်းကျုံးပိုင်ကို လူကိုယ်တိုင် တွေ့ချင်နေကြသည်။
ကျောက်ရှင်းရန် မိတ်ကပ်ပြင်လို့ပြီးသွားပြီ။ "သနားစရာပဲ ငါ သူနဲ့ရိုက်ရမှာ အပိုင်းသုံးပိုင်းတည်းရယ်"

 ကျန်းရှောင် - "..."

 ကျန်းရှောင် - "အနာဂတ်မှာ အခွင့်အရေးတွေ ရှိလာပါလိမ့်မယ်။ ငါတို့မှာ ဆယ်မိနစ်ပဲ ကျန်တော့တယ် အရင်သွားရအောင်"

ကျန်းရှောင်က သူမဆိုလိုတာကို နားလည်သည်။ ရှင်းရန်၏ ရေပန်းစားမှုက လွန်ခဲ့တဲ့ ခြောက်လအတွင်း မြင့်တက်လာခဲ့သည်။ သူမက အတွေ့အကြုံမရှိတဲ့ မိန်းကလေး မဟုတ်တော့ဘူး။

 ကျော်ကြားမှုနဲ့အတူ ယုံကြည်မှုတွေ ဝင်လာပြီး သူမရဲ့ နှလုံးသားတွေ တဖျပ်ဖျပ်ခတ်နေခဲ့သည်။ "ရှင်းရန်၊ ရင်ကျဲ လည်းဒီနေ့ အဲ့မှာရှိမှာ"

 သေချာတာပေါ့ ကျောက်ရှင်းရန်က သူမ ဆိုလိုတာကို နားလည်လိုက်သည်။ ဒီနေ့ရဲ့ ခေါင်းဆောင်မင်းသားက ကျင်းကျုံးပိုင် ဖြစ်ပြီး ခေါင်းဆောင်မင်းသမီးက ချန်းရင် ဖြစ်သည်။ ချန်းရင်သည် ဟွားရှ တွင် ထိပ်တန်းမင်းသမီးဖြစ်ပြီး သူမရဲ့နေရာက မတုန်လှုပ်ပေ။

 "ငါ သူမရဲ့ အနေအထားကို ရောက်အောင်သွားလို့ရမလား"
 "နင်လုပ်နိုင်မှာပါ" ကျန်းရှောင် သူမကို အာမခံခဲ့သည်။

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now