အပိုင်း ၃၅

151 19 0
                                    

အပိုင်း ၃၅



 ကျန်းရှောင်က ရာစုနှစ်တစ်ခုစာ ကုန်လွန်သွားသကဲ့သို့ အကြာကြီး တိတ်ဆိတ်နေခဲ့သည်။

 "အထက်တန်း ပထမနှစ်၊ ကျိုးယန်ယန်ဆီ အိမ်စာတွေ ပို့ပေးဖို့ ရှင် ကျောင်းလာခဲ့တုန်းက "

ကျိုးရှို့လင်း အဲ့တာကို ဘယ်လောက်ပဲ တွေးနေပါစေ လွန်ခဲ့တဲ့ ခုနစ်နှစ်က ဖြစ်ပျက်ခဲ့တာကို သူ စိတ်ကူးယဉ်မကြည့်နိုင်ခဲ့ဘူး။ "ဘာလိုဖြစ်ခဲ့လဲဆိုတာ ကိုယ် လုံးဝမမှတ်မိတော့ဘူး"

 “အဲဒီတုန်းက ကျွန်မက အန်တီ့အိမ်မှာ နေနေတုန်းပဲ။ ပြီးတော့ ဆောင်းရာသီ မနက်ခင်းတွေဆို ကျွန်မ မကြာခဏ ကျောင်း နောက်ကျတတ်တယ်။ အဲဒီနေ့မနက်က မြူတွေ အရမ်းများနေတယ်။ ရှင်က ကားပေါ်က ဆင်းပြီးတော့ ကျောင်းဂိတ်ပေါက်ဆီ လမ်းလျှောက်သွားပြီးလုံခြုံရေးအစောင့်နဲ့ စကားပြောနေတာ။ ကျွန်မ ချဉ်းကပ်လာတော့ ကျွန်မက မကြာခဏ နောက်ကျတတ်တော့ ကျွန်မကို လုံခြုံရေးအစောင့်က မှတ်မိနေပြီး ကျွန်မကို တားခဲ့တယ်"

 "ဒါဆို မင်းက အဲ့တုန်းက ဒီကောင်မလေးပဲ"

 ကျန်းရှောင် လေးလံစွာ ခေါင်းညိတ်လိုက်ပြီး သူမရဲ့မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေသည်။ "ဟုတ်တယ်"

မြူခိုးထူထူ ဆောင်းရာသီကို သူမအမြဲအမှတ်ရနေသည်။ သူမ ဘဝထဲကို ဝင်လာတဲ့ နေရောင်ခြည်လိုမျိုး မီးခိုရောင်ကုတ်အင်္ကျီဝတ်ထားပြီး သူမရှေ့မှာ ရပ်နေတဲ့သူကိုပေါ့။ 

 သူ သူမကိုပြောခဲ့တာက "အတန်းဖော်၊ ငါ့ကိုကူညီပေးနိုင်မလား" တဲ့။ သူ့အသံက သာယာလွန်းလို့ သူမ စက္ကန့်အနည်းငယ်ကြာ မှင်သက်သွားခဲ့ရသည်။

 "အတန်းဖော်၊ ငါ့ညီမနာမည်က ကျိုးယန်ယန်ပါ"

ကျန်းရှောင် စိတ်အနှောင်အယှက် ဖြစ်ခဲ့သည်။ "ကျွန်မသာသိခဲ့ရင် အဲ့တာကို ရှင်ဆီက ယူမသွားပေးခဲ့ဘူး "

ကျိုးရှို့လင်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ "မင်း အဲဒီချိန်တုန်းက အမွေးဦးထုပ်ဆောင်းထားတယ်။ ပြီးတော့ မင်းရဲ့မျက်နှာကို လုံးဝအုပ်ထားတာ။ မင်းမျက်နှာကို ကိုယ်ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး"

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now