Chapter 1

1K 149 27
                                    

ကောင်းကင်၌ ကြယ်ရောင်များမရှိသလို လရောင်လည်းမရှိသည့် လမိုက်ညက မကောင်းမှုတွေပြုလုပ်ဖို့ အသင့်တော်ဆုံးပဲ။ လကွယ်ည၏ ညချမ်းဟာ တိတ်ဆိတ်လျက်ရှိနေပေမဲ့ အိမ်ရှေ့မင်းသားနန်းဆောင်ကတော့ အသက်ဝင်လျက်။

"အရှင့်သား! အရှင့်သား!"

အထိန်းတော်ကုန်းကုန်းတို့ ပြာယာခက်လျက်။ တော်ဝင်သက်တော်စောင့်တွေပါ ငြိမ်ငြိမ်မနေရအောင် ဒုက္ခပေးလိုက်သူမှာ ဂျိုဆွန်းရဲ့ အချစ်ခံရဆုံးလူသား ဆောင်းဟန်ဘင်း။

"အရှင့်သား...ကုန်းကုန်းကိုမပြောပဲ နန်းတော်အပြင်ထွက်လာတာ မသင့်တော်ဘူးလို့ထင်တာပဲ"

ဒုံဂွန်နန်းဆောင် (အိမ်ရှေ့စံနန်းဆောင်) မလှမ်းမကမ်း လမ်းကြားထဲမှ အသက်၂၀ ဝန်းကျင် ကောင်လေးနှစ်ဟာ လမိုက်ည အမှောင်ထုကို လျစ်လျူရှု၍ အေးအေးလူလူ လမ်းလျှောက်ထွက်လာကြ၏။ တစ်ယောက်မှာ ရွှေပန်းခက်များ စီချယ်ထားသည့် ကျွန်းနက်ဖြင့် ပြုလုပ်ထားသော ဓားအိမ်ကို လက်ဖြင့်ပိုက်ရင်း ကိုင်ဆောင်ထားပြီး ဆံပင်ကို မြင့်မြင့်ချည်နှောင်ထားသည်။  ဓားသမားတစ်ယောက်လို အဝတ်အစားမှာ ပေါ့ပါးလှပြီး နွားသားရေအရောင်နှင့် အနက်ကို တွဲစပ်ဝတ်ဆင်ထား၏။

ကျန်တစ်ယောက်ကတော့ ဂျိုဆွန်းအထက်တန်းလွှာလို ဝတ်စုံကိုကျကျနန ဝတ်ဆင်ထားပြီး နက်ပြာရောင်အင်္ကျီ၏ အောက်ခြေစများ တလူလူလေထဲလွင့်အောင် ကျော့ကျော့မော့မော့ လျှောက်လှမ်းလို့နေ၏။ ခါးစည်းကြိုးအထက်တွင်လည်း နံ့သာအိတ်လေး ချိတ်ထားသေးသည်။

"ဟုန်ကုန်းကုန်းလည်း နန်းတော်ထဲနေတာ တော်တော်ကြာပြီလေ  ငြီးငွေ့နေမှာဆိုးတာနဲ့ ကိုယ်တော်က စိတ်လှုပ်ရှားစရာလေးတွေ ဖန်တီးပေးရုံပါ။ နန်းတော်အပြင်ရောက်နေပြီပဲ ဒီအတိုင်း ဟျောင်းနင်မ်းလို့ပဲခေါ်ပါ ကင်ဂယူရ  ဟုတ်ပြီလား"

"ဟုတ်ပါပြီ ဟျောင်းနင်မ်း အခု ဘယ်ကိုဦးတည်မှာလဲ?"

တော်ဝင်တပ်ဖွဲ့ ခေါင်းဆောင် အိမ်ရှေ့စံ၏ကိုယ်ရံတော် ကင်ဂယူဗင်းအမေးကို ဟန်ဘင်းနောက်လှည့်ကြည့်ကာ ပြုံးပြ၍ ပြန်ဖြေလိုက်၏။

Gumihao (구미하오)Where stories live. Discover now