Chapter 11

806 121 23
                                    

ဂျိုဆွန်းမြို့တော်ဆီ ဦးတည်ပြီး ဒုန်းဆိုင်းပြေးနေတဲ့ မြင်းအနက်တစ်ကောင်အပေါ် ဆံနွယ်တွေကို မြင့်မြင့်ချည်နှောင်ထားပြီး ဓားသမားဝတ်စုံ ဝတ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက်နှင့် ရင်ဘက်ပေါ်ရှိအိတ်ကလေးထဲမှ မြင်းအရှိန်ကြောင့် လှုပ်စိလှုပ်စိဖြစ်နေတဲ့ ယုန်ပေါက်လေးတစ်ကောင်။

မြေနတ်ဘိုးဘိုး လက်ဆောင်ပေးထားသော မြင်းဖြစ်တာကြောင့် ထိုမြင်းဟာ သာမန်မြင်းတွေလို အစာကျွေးစရာလည်း သိပ်မလိုသလို အနားပေးဖို့လည်းမလိုအပ်။ ဒီလိုနဲ့ မနားတမ်းခရီးနှင်တာဟာ နှစ်ရက်လောက်ရှိပြီဖြစ်ပြီး ထိုမြင်း၏ အပြေးနှုန်းမှာ သာမန်မြင်းများထက် ပိုမြန်တာတောင်မှ ချန်ချန်စကားသာပြောနိုင်ရင် ကင်ဂယူကို ဒီ့ထက်မြန်မြန် မြင်းကို မောင်းဖို့ ပြောဦးမှာ။

ဘာကြောင့်ဆို ညအခါ လူသားတို့ခေါင်းအထက်မှာ ပေါ်လာနေကြ ငွေလမင်းဟာ ဒီနေ့ ထွက်မလာနိုင်တာကြောင့်။ လကွယ်ရက်... လကွယ်ရက်တိုင်း ချန်ချန် ဟာနူးလ်ဘေးမှာ ရှိပေးနေကြ၊ ဟာနူးလ်ကောကော အဆင်ပြေပါ့မလားဆိုတာကို သူစိုးရိမ်နေမိတယ်။ ကောကောက သူ့အတွက် အမြုတေတစ်ခုလုံးကြီးတောင် ဖန်တီးပေးထားတာမို့ သေချာပေါက်အားနည်းနေမှာ...

"ချန်ချန် ခဏနေရောက်တော့မှာပါ"

____

ဟာနူးလ် သေချာပေါက်အားနည်းနေခဲ့တာပါ။ သူ့စွမ်းအင် တော်တော်များများကို အမြုတေပြုလုပ်ရာ၌ သုံးခဲ့တာဖြစ်ပြီး ဝိဉာဉ်အစိတ်အပိုင်းတစ်ချို့ကိုလည်း ဟန်ဘင်းထံလွှဲပြောင်းပေးထားတာ မဟုတ်လား။

အဆိုးထဲက အကောင်းလို့ပြောရမလား သူ့ရဲ့ဝိဉာဉ်တစ်ဝက် ဟန်ဘင်းကိုယ်ထဲရောက်နေတာဖြစ်လို့ ဒီညပိုပြင်းထန်မယ်လို့ ထင်ထားခဲ့တဲ့ ရေခဲအဆိပ်က ထင်သလောက် မဆိုးရွားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဟန်ဘင်းကိုယ်က သူနဲ့ဆန့်ကျင်ဘက် အပူများနေတာကြောင့်ပေါ့။

"တော်သေးတာပေါ့ ကိုယ်တော် ဟာနူးလ်ခံစားနေရတဲ့ ပုံစံမမြင်ချင်တာနဲ့...ချန်ချန်လည်းမရှိတော့ ဟာနူးလ်သာတစ်ခုခုဆို ကိုယ်တော်ဘာလုပ်ရမလဲသိမှာမဟုတ်ဘူး"

Gumihao (구미하오)Where stories live. Discover now