Chapter 12 <Final>

995 153 37
                                    

နှစ်တွေကြာသွားပေမဲ့ ချယ်ရီတွေကတော့လှပစဲပဲ။သူတို့ရဲ့အနံ့နဲ့အရောင်က အရင်အချိန်တွေတုန်းကအတိုင်း ပြောင်းလဲမသွားဘူး။ ဒီလိုပြောင်းလဲမသွားတာက သူ့ရင်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက်ရဲ့ဖြစ်တည်မှူရောပေါ့။ မြေပြင်ပေါ် လေညှင်းရဲ့ သယ်ဆောင်မှူနှင့်အတူ ကြွေကျနေတဲ့ ချယ်ရီပွင့်ဖက်လေးတွေက လှပလွန်းတယ်။ ထိုလူလိုပေါ့...။

တချို့အကြောင်းအရာတွေ မှတ်ဉာဏ်ထဲဝေဝါးသွားခဲ့ရင်တောင် ဟာနူးလ်ရဲ့အပြုံးတွေကို ဟန်ဘင်း ပြတ်ပြတ်သားသား မှတ်မိနေစဲပါ။ သူချစ်ရတဲ့ဟာနူးလ်...

ဂျိုဆွန်းခေတ်ဟာ နှစ်ပေါင်း ၅၀၀ကျော် ရှည်ကြာခဲ့ပြီးနောက် 1897 မှာအဆုံးသတ်တယ်။ ဖြစ်ရပ်မှန်တစ်ချို့ဟာ စီကာပတ်ကုံးမှူတွေနဲ့အတူ စာမျက်နှာများအထက် သမိုင်းဆိုတာဖြစ်လာခဲ့ပြီး အဖြစ်အပျက်တစ်ချို့ကတော့ အချိန်ဆိုတဲ့ ဒီရေတိုက်စားမှုကြောင့် ပျောက်ပျက်သွားခဲ့ပြီ။

"ဒီနေ့မှာ ကျောင်းသားတို့က ဂျိုဆွန်းမင်းဆက်တွေထဲကမှ အတော်လေး လျို့ဝှက်ဆန်းကြယ်တဲ့ဘုရင်တစ်ပါးအကြောင်းလေ့လာရမှာပါ"

ပါမောက္ခဟာ projector အထက် ဓာတ်ပုံများနှင့်သေချာတွဲစပ်ထားတဲ့ စာတမ်းကို သေချာလေးရှင်းပြနေခဲ့သလို ဆင်ခြေလျောပုံစံ theater ရဲ့ နောက်ဆုံးအတန်းမှာထိုင်နေတဲ့ကောင်လေးဟာလည်း စားပွဲခုံပေါ် လက်ချောင်းလေးများကစားရင်း စာတမ်းကို သေချာနားထောင်နေလေရဲ့။

" သူနန်းတက်ပြီးနောက်ပိုင်း ဂျိုဆွန်းကတော်တော်လေး ပြောင်းလဲလာခဲ့တယ်ပြောရမယ် မင်းကြီးဆောင်းက အတော်လေးထူးချွန်တဲ့ ဘုရင်တစ်ပါးပဲ။ သူ့ရဲ့ထက်မြက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အယူအဆတွေက ဒီနေ့တောင်ကိုရီးယားပြည်သူ့သမ္ပတနိုင်ငံရဲ့ အုတ်မြစ်တွေဆိုလည်းမမှားဘူး"

သေချာတာပေါ့...ဆောင်းဟန်ဘင်းထက်တော်တဲ့ ဘုရင် ဒီသမိုင်းမှာ ရှိနိုင်ပါ့မလား...

" ဒီဘုရင်နဲ့ပတ်သတ်ပြီး အထူးအဆန်းအချက်က သူက နန်းသက်တစ်လျှောက် မိဖုရားမမြှောက်ခဲ့တာပဲ...အင်း...သမိုင်းအရဆို ဂျိုဆွန်းမင်းဆက်ထဲ သူတစ်ယောက်ပဲ မိဖုရားမရှိတာ"

Gumihao (구미하오)Where stories live. Discover now