🌿_3

1.8K 176 6
                                    



ဂျောင်ကုသူအောက်ဆင်းလာတော့ ထမင်းစားခန်းမှာ ကင်မ်ဆမ်မီတစ်ယောက်သာတွေ့လိုက်ရ၍။

"ဆမ်မီ့အကိုရော"

"ကိုကြီးက ကုမ္ပဏီသွားပြီရှင့်"

"အော်...စည်းကမ်းကြီးမယ့်ပုံပဲနော် အဟင်း...."

"ရှင်"

"ဆမ်မီရဲ့အကို ကင်မ်ဆော့ဂျင်ကိုပြောတာ"

"ဟုတ်တယ် ကိုကြီးက စည်းကမ်းအရမ်းကြီးသလို
အရမ်းလည်းတည်ကြည်တာ
စိတ်ရင်းလည်းအရမ်းကောင်းပါတယ် "

"အင်း မာနလည်းအရမ်းကြီးပြီး ဒေါသလည်းကြီးမယ့်ပုံနော်"

သူ့စကားကြောင့် ကင်မ်ဆမ်မီက သူ့ကိုကြည့်လာခဲ့သည်။
တွေ့တာဖြင့်မကြာသေးဘဲ သူ့အကိုကို ရမ်းသမ်းဝေဖန်တယ်ဆိုပြီးအပြစ်တင်ချင်နေသည့်ပုံ
ကြည့်ရတာ သူ့အကိုကို နည်းနည်းမှထိတာမကြိုက်ဘူးထင်။

"မနေ့က ကိုယ့်ကိုကြိုဆိုတဲ့ပုံစံနဲ့
ဒီနေ့မနက်လာဆူသွားတဲ့ပုံစံကြည့်ပြီးတော့လေ
ကောက်ချက်ချကြည့်တာပါ..."

ထိုအခါမှ သူမက သူ့အကိုဖြစ်သူကိုသဘောကျစွာရယ်လာခဲ့သည်။
ကြည့်ရတာ ကင်မ်ဆော့ဂျင်အပေါ်မှာချစ်ကြောက်ရိုသေလေးစားပြီး အကိုတစ်ခွန်းဆိုတစ်ခွန်းပဲထင်ပါရဲ့။
မိန်းကလေးကိုသူအကဲခက်ရသလောက်တော့
ရိုးရိုးရှင်းရှင်းပါပဲ။ ဘာမှထွေထူးပြီးပြောစရာမရှိပါဘူး။အဟင်း..ပြောစရာရှိနေတာကတော့ သူ့အကို ကင်မ်ဆော့ဂျင်။

သူအခန်းထဲပြန်ရောက်တော့ အဖိုးကိုဖုန်းခေါ်လိုက်သည်။

"ဘယ်လိုလဲငါ့မြေး အဆင်ပြေတယ်မလား
ကင်မ်အိမ်တော်ကနွေးထွေးတော့ အဆင်ပြေမှာပါ
ငါ့မြေးကိုသဘောကျရဲ့လား ငါ့မြေးကရော..?"

ဖုန်းဝင်ဝင်သွားချင်း မေးခွန်းတွေဆက်တိုက်ပဲမေးလာတဲ့ အဖိုးက ကင်မ်အိမ်တော်နဲ့အမျိုးမတော်ရမှာအရမ်းစိုးရိမ်နေသလားပဲ။
လူကြီးတွေကလေ ဘာလုပ်မှန်းလဲမသိ
ကတိကဝတ်တွေထားပြီး သားသမီးချင်းပေးစားလို့ရရင်ရ မရရင်မြေးတွေအထိလိုက်ပြီး။

အခုလည်းသူ့သားဖြစ်တဲ့ကျွန်တော်အဖေက အမေနဲ့စောစီးခိုးပြေးသွားကြလို့ မအောင်မြင်လိုက်တဲ့စီမံကိန်းကို
မြေးဖြစ်တဲ့ကျွန်တော့်အလှည့်မှာတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ပေးစားဖို့လုပ်နေလေရဲ့။
ဒါတောင် ဒီအကြောင်းသိသိချင်း အတင်းအကန်ငြင်းနေတဲ့သူ့ကို အဖိုးက အပေးအယူလုပ်ကာ လေ့လာပြီးတစ်ယောက်ကိုတစ်ယောက် သဘောကျမှပေးစားမည်ဟုပြောလာလို့သာ သူလက်မခံချင်ခံချင်နဲ့ လက်ခံလိုက်ရသည်။

ဒါတောင်ပြောသေးတာ ပြစ်ချက်ကသူတို့မှာမရှိဘူး
မင်းမှာပဲရှိတာ ငရှုတ်ငပွေကောင်ရဲ့တဲ့။
အဖိုးသူ့ကိုဒီလွှတ်ဖို့မတိုင်မီ ကင်မ်အိမ်တော်ရဲ့အကြောင်းအနည်းအကျင်းပြောပြသည်။
မောင်နှမနှစ်ယောက်ပဲရှိသည့်အကြောင်း အထူးသဖြင့် ကင်မ်ဆော့ဂျင် ဘယ်လောက်တော်ကြောင်းထက်ကြောင်း သူသာအဲ့လိုမြေးမျိုးရှိရင် အခုချိန်သူလှည့်ကြည့်စရာမလိုဘဲ အေးဆေးနေနေရကြောင်း အဲ့ရောက်ရင် ကင်ဆော့ဂျင်ကိုအတုယူခဲ့သင့်ကြောင်းနဲ့ ချီးမွမ်းခန်းဖွင့်လို့မပြီးဖြစ်နေသည်။

သူအမြင်ကပ်ကပ်နဲ့ အဖိုးပြတဲ့ ပုံနှစ်ပုံကိုယူကြည့်လိုက်သည်။
တစ်ပုံက သူနဲ့လက်ထပ်ပေးဖို့စီစဉ်ထားတဲ့မိန်ကလေးရဲ့ပုံ ထိုပုံကိုသူတစ်ချက်သာကြည့်လိုက်ပြီး နောက်တစ်ပုံကိုကြည့်လိုက်သည်။
တည်တင်းနေတဲ့မျက်နှာထားနဲ့ ခန့်ခန့်ညားညားရှိနေသည့်ထိုလူက အတော်ချောသည်ဆိုတာတော့ သူလက်မခံချင်လို့မရပေ။မာနကလည်းကြီးလိုက်မယ့်ပုံ
ဘာရယ်မဟုတ် သူ,ဒီလူသားအကြောင်းကို နည်းနည်းပိုပြီးစုံစမ်းထားလိုက်သည် ။

"အဖိုး...စိတ်မပူနဲ့တော့ သေချာပေါက် ကင်မ်အိမ်တော်နဲ့အမျိုးတော်ရတော့မှာပါ စိတ်ပူမနေနဲ့တော့ "

BUNCH {စည်း}Complete ✔️Where stories live. Discover now