ဂျောင်ကုဆော့ဂျင်နဲ့ dinne ပွဲကိုအတူတက်ချင်တာကြောင့်မင်္ဂလာပွဲကိုသူပဲတက်လိုက်မယ်ဆိုပြီး အဖိုးကိုပြောလိုက်တော့ အဖိုးကသူ့ကိုတအံ့တသြဖြစ်ကာ အင်တင်တင်လုပ်နေတာကြောင့်......သူလည်း အခုသွားရမယ့်ပွဲက တခြားသူမရင်းနီးတဲ့သူမှ မဟုတ်တာ အကိုဂျောင်မင်ရဲ့ပွဲပဲဟာကိုလို့ပြောတာတောင်မယုံသင်္ကာနဲ့ ။ သူပြဿနာတစ်ခုခုရှာလာမှာကြောက်နေလားမသိ....
သူပဲပွဲကိုလာတက်လိုက်မယ်တကဲကဲလုပ်နေလေသည်။သူ့သူငယ်ချင်တွေနဲ့လည်းမဆုံတာကြာလို့ ဘာညာနဲ့ပြောနေတာကြောင့်
သူလည်း ကျွန်တော်တို့ပွဲကျရင်လည်း အဖိုးကမဖြစ်မနေလာရမှာလေ
ကျွန်တော်တို့ပွဲလည်းသိပ်မှမလိုတော့တာ
အဲ့ကျမှဆုံကြပေါ့အဖိုးမိတ်ဆွေတွေနဲ့...
အခုကအဖိုးပင်ပန်းပါတယ်လို့ပြောလိုက်မှ အားရကျေနပ်စွာဖြင့် အခုကတည်းက အဖိုးစီစဉ်ထားလိုက်ရတော့မလားလုပ်နေသည်။~~~~~~~~~~~~~~~~~~~
ဂျောင်ကု သူ့နဲ့အတူပွဲကို မခေါ်ချင်တဲ့လူကြောင့်
အကြံတွေထုတ်ကာကူလီကူမာလုပ်လိုက်ရသည်။
ဒါတောင် သူ့ကိုစူပုတ်ပုတ်နဲ့မခေါ်ချင့်ခေါ်ချင်တင်ခေါ်သွားသည်။ပွဲရောက်ပြီး သူကင်ဆော့ဂျင်နဲ့အတူထိုင်နေတုန်း
သူမှတ်မိတဲ့သူတွေရော မမှတ်မိတဲ့သူတွေရော သူ့ကိုလာနှုတ်ဆက်လာပြီး သူ့တို့ဝိုင်းဘက်ကိုအတင်းဆွဲခေါ်နေကြတော့ သူယက်ကန်ယက်ကန်နဲ့ပါသွားလေသည်။သူကလည်းသူပဲကိုး။ အရင်ကရှုပ်ရှုပ်ယှက်ယှက်တွေလုပ်ခဲ့မိတာကြောင့် အလိုက်အသင့်ခဏလောက်တော့လိုက်သွားလိုက်သည်။
အကိုဂျောင်မင်ရဲ့ပွဲဖြစ်နေတာကြောင့်ရော
အဖိုးကိုဘာပြဿနာမှမဖြစ်စေရဘူးလို့ကတိပေးခဲ့တာကြောင့်ရော တော်ကြာလူပုံအလည်မှာသူဒေါသထွက်ပြလိုက်မိရင် ကင်ဆော့ဂျင်ကသူ့ကိုအထင်သေးသလိုကြည့်လာမှာသူမလိုလားပေ။
YOU ARE READING
BUNCH {စည်း}Complete ✔️
Fanfic"ခင်ဗျားတစ်ယောက်တည်း တစ်ဖက်သတ်ကြီးခြားထားတဲ့စည်းကိုကျုပ်ကဂရုစိုက်မယ်ထင်လို့လား" JEON JUNG KOOK💜 "အဓိပ္ပါယ်မရှိတာတွေလုပ်ဖို့ငါကခွင့်ပြုမယ်ထင်နေလို့လား" KIM SEOK JIN 🩷